ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီကတော့ ဘာစီလိုနာအသင်းရဲ့အဖွင့်ပွဲစဉ်ကိုလွဲချော်ရတော့မှာဖြစ်ပါတယ်။မက်ဆီဟာဘာစီလိုနာအသင်းနဲ့ပထမဆုံးလေ့ကျင့်ခန်းမှာတင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။မက်ဆီရဲ့ ဒဏ်ရာဟာသက်သာလာပြီဖြစ်ပေမယ့် ပွဲတွေကစားလို့မရသေးပဲအသေးစားလေ့ကျင့်ခန်းသာလုပ်နေရတာဖြစ်ပါတယ်။

မက်ဆီဟာဘာစီလိုနာအသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး သူမပါတဲ့ပွဲတွေဆို ဂိုးရဖို့ခက်ခဲတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ဒီနှစ်မှာကစားသမားကောင်းတွေကို ခေါ်ယူထားတာဖြစ်ပြီးအောင်မြင်မှုတွေများစွာရရှိဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။

နေမာကိုလည်းခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်တာကြောင့် မက်ဆီ၊နေမာတို့ရဲ့အကောင်းဆုံးတိုက်စစ်တွေကိုအကောင်းဆုံးကြည့်ရဖွယ်ရှိနေတာဖြစ်ပါတယ်။မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းရဲ့ ခြေစမ်းပွဲတွေကို လွဲချော်ထားတာကြောင့်အသင်းနဲ့တူတူ ပွဲတွေကစားချင်နေတာဖြစ်ပါတယ်။

SOURCE:Daily Mail


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။