AFC-UEFA Assist ယူ၁၆ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၅အသင်းကတော့ဒီနေ့မှာအဖွင့်ပွဲအဖြစ်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်ယူ၁၅အသင်းဟာ အဖွင့်ပွဲမှာတော့ အင်ဒိုနီးရှားယူ၁၆အသင်းနဲ့စတင်ကစားရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကိုတော့ မန္တလေးမြို့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး မြန်မာအသင်းကလည်းပြိုင်ပွဲမတိုင်မီကပင် မန္တလေးမြို့မှာ လေ့ကျင့်ခန်းတွေလုပ်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာနည်းပြသစ် ဦးမင်းသူလက်ထက်မှာ ပထမဆုံးပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ အာစီယံယူ၁၅ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းယူဖို့မျှော်လင့်နေတာပါ။

အင်ဒိုနီးရှားအသင်းနဲ့ပွဲကိုတော့ဒီနေ့ည ၆နာရီအချိန်မှာယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာ အင်ဒိုနီးရှား၊မြန်မာ၊တောင်ကိုရီးယားနဲ့ မွန်တီနီဂရိုးအသင်းတွေပါဝင်ယှဉ်ပြိုင်ကစားတာဖြစ်ပါတယ်။ဒါကြောင့် ပရိသတ်တွေလည်းရလဒ်ကောင်းတွေယူဖို့ကြိုးစားနေတဲ့ မြန်မာအသင်းကိုလည်းအားပေးကြပါဦးနော်။

SOURCE:MFF


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။