ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ ဟာဆိုရင် အနုပညာအလုပ်တွေကို အောင်မြင်စွာလုပ်ကိုင်နေကြသလို ခင်မင်ရင်းနှီးစွာဖြင့် အနုပညာမောင်နှမတွေလို စလိုက်နောက်လိုက်နဲ့ သုံးယောက်အတူဖြတ်သန်းနေကြတာဖြစ်ပါတယ်...။ အကျင့်တူ၊ ဝါသနာတူတဲ့ သူတို့သူငယ်ချင်းသုံးယောက်ဟာဆိုရင် "N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့ pageကိုထောင်ထားကာ သူတို့တစ်နေ့တာ ဘယ်သွားတွေ၊ ဘာလုပ်တယ် ဆိုတာတွေကို ပရိသတ်တွေ သိအောင် ချပြလေ့ရှိတာပါ...။

သူတို့သူငယ်ချင်းသုံးယောက်ဟာဆိုရင် အစား၊အသောက် ဝါသနာပါကြပြီး မုန့်လုပ်စားတာတို့၊ ဟင်းချက်တာတို့ကို entertainment တစ်ခုအနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တာတွေကို အားလုံးပဲရှုစားကြရမှာပါ...။ tik tok ဗီဒီယိုဖိုင်လေးတွေကိုပြုလုပ်ဖန်တီးပြီးတော့လည်း ဟာသအနေနဲ့ ရယ်မောရအောင် တင်ဆက်ခဲ့တာပါနော်....။ ခရီးသွားဝါသနပါတဲ့ သူတို့သူငယ်ချင်းသုံးယောက်ဟာဆိုရင် ဆိုင်ကယ်ကိုယ်စီစီးပြီး မြန်မာပြည်အနှံ့ လျှောက်လည်ချင်တယ်ဆန္ဒကိုလည်း ထုတ်ဖော်ဖူးပါသေးတယ်...။ အနုပညာလောကမှာ ကိုယ်စီ၊ ကိုယ်စီ ခြေလမ်းတွေနဲ့ လျှောက်လှမ်းနေကြတာပါ...။

ဖက်ရှင်အလန်းစားတွေကို ဝတ်လေ့ရှိတဲ့ သူတို့သူငယ်ချင်းသုံးယောက်ဟာဆိုရင် အမြဲ trend တစ်ခုအနေနဲ့ ဆန်းသစ်နေတာာဖြစ်ပါတယ်...။ သံုံးယောက်သား ဆင်တူမြန်မာအင်္ကျီလေးတွေကို ဝတ်ဆင်လေ့ရှိသလို အနောက်တိုင်းဝတ်စုံတွေကိုလည်း အမိုက်စားဒီဇိုင်းတွေနဲ့ ဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်...။ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ဟာဆိုရင် နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို post တွေတင်ပြီး ပြသပေးလေ့ရှိသလို အခုတစ်ခါမှာဆိုရင်လည်း "ဖက်ရှင်တေကတော့ တစ်ယောက်တစ်မျိုးစီ သောက်အိုးစည်တေ" ဆိုတဲ့ အခွီပို့စ်လေးနဲ့ ဖော်ပြထားတာကို Myanmarload ပရိသတ်ကြီးလည်းအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ

photo credit Hsu Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။