ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ အောင်မြင်တဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်မင်းသမီးချောလေးအဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေးပါပဲ..။

စေတနာသဒ္ဓါတရားထက်သန်ပြီး စိတ်ထားဖြူစင်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်နော်..။


မွန်ပြည်နယ် ရေဘေးသင့်ပြည်သူတွေအတွက် သမ္ဗာန်လှေတွေစီးပြီး အခြားအနုပညာရှင်တွေနဲ့ အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အမာခံ ပရဟိတသမားများနဲ့ ပူးပေါင်းကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်နော်..။

ရေတွေဖွေးဖွေးလှုပ်နေတဲ့ နေရာတွေအထိ ခက်ခက်ခဲခဲနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး သွားရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း စူစူလေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။


ရေနစ်မြုပ်နေတဲ့ ရေဘေးသင့်ဒေသတွေမှာ ခက်ခက်ခဲခဲနဲ့ သွားရောက်လှူဒါန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်စွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

ဒီကနေ့လေးမှာတော့ စူစူတို့ သွားရောက်လှူဒါန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ဗီဒီယိုဖိုင်လေးတွေနဲ့အတူ ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တာမို့ ကြည့်ရှု့ရင်း အားပေးလိုက်ရအောင်နော်..။

Photo - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။