ဒီနှစ်အပြောင်းအရွေ့မှာ သတင်းတွေနဲ့တင်ကြန့်ကြာနေတဲ့ PSG အသင်းကစားသမားနေမာကတော့လာမယ့် ၄၈နာရီအတွင်းမှာ စပိန်ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။နောမာကိုခေါ်ယူဖို့ ဘာစီအပြင်ရီးရဲအသင်းကပါကြိုးစားခဲ့ပေမယ့် ခုချိန်မှာတော့ရီးရဲအသင်းက လက်လျော့ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာနေမာကိုပြန်ခေါ်ယူဖို့ အစောကတည်းကကြိုးစားခဲ့ပေမယ့် အပြောင်းအရွေ့ဟာမဖြစ်သေးတာပါ။ခုမှာတော့အပြောင်းအရွေ့လာဖြစ်လာနိုင်ဖွယ်ရှိပြီး မကြာခင်မှာ သတင်းတွေထူးခြားဖွယ်ရှိနေတာပါ။ဘာစီလိုနာအသင်းဟာ နေမာကိုခေါ်ယူဖို့ဆို ကစားသမားတွေကိုလျော့ချဖို့လည်းလိုအပ်နေတာဖြစ်ပါတယ်။

ဒါကြောင့်ဘာစီလိုနာအသင်းဟာ နေမာကိုခေါ်ယူဖို့အတွက် ကော်တင်ဟို၊ရာကီတစ်တို့အပြင် ပေါင်သန်း၁၀၀အသုံးပြုရတာဖြစ်ပါတယ်။နေမာရဲ့တန်ကြေးဟာ များလွန်းပေမယ့် ဘာစီလိုနာအသင်းဟာ အောင်မြင်မှုတွေအတွက် ပြန်ခေါ်ယူချင်တာဖြစ်ပါတယ်။ပရိသတ်တွေလည်း မကြာခင်မှာ နေမာကိုဘာစီလိုနာအသင်းမှာပြန်တွေ့ရဖွယ်ရှိနေတာပါ။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။