လူရွှင်တော်၊ သရုပ်ဆောင် အောင်သော်ကတော့ အနုပညာလောကမှာ မသိသူမရှိလောက်အောင် နာမည်ကြီးအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဟာသဉာဏ်ရွှင်ပြီး ပရိသတ်တွေကို အမြဲတမ်းရယ်မောပျော်ရွှင်ရအောင် တင်ဆက်ပေးလေ့ရှိတဲ့ အောင်သော်က အားလုံးရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ အောင်သော်က အခုတော့သမီးလေးအတွက် ဂုဏ်ယူနေရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံ၊ Vladivostok မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "The Children of The World OKEAN RUSSIA 2019" ပြိုင်ပွဲကြီးမှာ မြန်မာလူငယ်အဖွဲ့က မြန်မာ့ရိုးရာအကနဲ့ ခေတ်ပေါ်အကတို့ကို တီထွင်ဆန်းသစ်ပြီး ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ အောင်သော်ရဲ့သမီးလေးပါဝင်တဲ့ မြန်မာလူငယ်အဖွဲ့က အကနဲ့အတီး ကဏ္ဍအတွက် အမြင့်ဆုံး ရွှေတံဆိပ်ဆု (၂) ဆုအထိဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရယူပေးနိုင်ခဲ့တဲ့ မြန်မာ့လူငယ်အဖွဲ့မှာ ပါဝင်တဲ့သမီးလေးအတွက် အောင်သော်တစ်ယောက် ဝမ်းသာဂုဏ်ယူနေရပြီ ဖြစ်ပါတယ်။ အောင်သော်ရဲ့သမီးချောလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ့်ကိုအရည်အချင်းရှိတဲ့အပြင် အချောအလှလေးဖြစ်တာကြောင့် အခုဆိုရင်ဝန်းရံအားပေးသူတွေက အတော်လေးများပြားနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နိုင်ငံတကာပြိုင်ပွဲကြီးမှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အောင်သော်သမီးလေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aung Thaw & Ju Ju Thaw; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။