ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ H1N1 ရောဂါကိုတော့ အားလုံးလည်း သတိပြုမိကြမယ်ထင်ပါတယ်။ အသက်အန္တရယ်ရှိရောဂါတစ်မျိုးဖြစ်သလို ပြည်တွင်းနေရာအနှံ့မှာလည်း အဆိုပါ ရောဂါကြောင့် ကွယ်လွန်သူတွေများစွာရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မြို့တွေထဲမှာ ရန်ကုန်မြို့ကတော့ အဓိကပါဝင်နေပြီး H1N1 ရောဂါဖြင့်သေဆုံးသူလို့ သံသယရှိသူတွေလည်း များစွာရှိလာပြီပဲဖြစ်ပါတယ်။  

သြဂုတ်လ ၁၄ ရက်နေ့ ဒီကနေ့ မှာလည်း ရန်ကုန်တိုင်းဒေသကြီး ဟယ်ပင်ကလေးဆေးရုံတွင် ရာသီတုတ်ကွေး H1N1 ရောဂါရှိသူလို့ သံသယရှိသူတစ်ဥိး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ ၃ လသားအရွယ်သာရှိတဲ့ မိန်းကလေးရုပ်အလောင်းတစ်ခုဖြစ်ပြီး ယင်းရုပ်အလောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နိဗ္ဗာန်ယာဉ်ဖြင့် ရေးဝေးသုဿာန်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။  

ဖြစ်စဉ်နဲ့ပတ်သက်ပြီး " ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လ နှင့် သြဂုတ်လအတွင်း ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သံသယရှိသော ရုပ်အလောင်းများကို ကူညီပို့ဆောင်မီးသဂြိုလ်ပေးခဲ့သည်မှာ ယခုအလောင်း အပါအဝင် သံသယရှိသော ရုပ်အလောင်း(၂၅) လောင်းတိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကူညီခဲ့ပြီးဖြစ်ကြောင်း " ရေးသားထားတာတွေ့ရပါတယ်။ သတိပြုနေထိုင်သင့်တဲ့ ပြည်တွင်း H1N1 ရောဂါအကြောင်း သတိပေးရင်း ဒီကနေ့ သေဆုံးသူရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - နာရေးကူညီမှုအသင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။