"အရင်လိုပါပဲ"၊ "မငိုပါနဲ့"၊ "မေ့နေပြီလား၊ "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့ တေးသီချင်းကောင်းတွေကို ရေးစပ်သီဆိုခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲမှာ ထင်ကျန်ရစ်စေခဲ့မှာ နားထောင်ဖူးတဲ့သူတိုင်းသိကြမှာပါ...။ သူမဟာဆိုရင် လူငယ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အခုလက်ရှိတိုင် နာမည်ရ ကျော်ကြားနေသလို ကိုယ်ပိုင် စတိုဒီယိုပါတဲ့ အိမ်ကြီးဆောက်ကာ စီးပွားရေးလုပ်ငန်းဘက်မှာလည်း တွင်ကျယ်စွာ လုပ်ကိုင်နေတာဖြစ်ပါတယ်...။ ပိုပိုဟာဆိုရင် တေးသီချင်းကောင်းတွေကို သီဆိုတတ်ရုံမက ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း အပြစ်ပြောစရာမရှိလောက်ပင် အချိုးအစားညီညာ ပြေပြစ်တာပဲဖြစ်ပါတယ်...။

ပိုပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာမဂ္ဂဇင်းတွေ၊ photo shooting တွေ ကိုရိုက်ကူးလေ့ရှိပြီး အခမ်းအနားဖွင့်ပွဲတွေသို့တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ အမိုက်စားသီချင်းဗီဒီယိုတွေကိုလည်း ဆက်လက်ပြုလုပ်ဖန်တီးနေတဲ့ ပိုပိုကတော့ သူမရဲ့လက်ရှိအချစ်ရေးကခန့်မှန်းရ ခက်ပါတယ်...။ ပိုပိုရဲ့ ပရိသတ်တွေဟာဆိုရင်တော့ သူမရဲ့ အနုပညာကိုပဲ အားပေးတဲ့အတွက်ကြောင့်မလို့ သူမဘယ်လိုပုံစံနဲ့ပဲပဲ postတွေတင်တင်၊ ဘာတွေလုပ်လုပ် အားပေးတဲ့ ပရိသတ်ကတော့ လျော့ကျမသွားပဲ ဆက်လက်တိုးပွားနေတာဖြစ်ပါတယ်...။

ပိုပိုက ခေတ်လူငယ်ပီပီ social media တွေဖြစ်ကြတဲ့ facebook ကွန်ယက်၊ Instagram ကွန်ယက်တို့ကို အနုပညာ အလုပ်အတွက်နဲ့ကော၊ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပါ အသုံးပြုလေ့ရှိတာဖြစ်ပါတယ်....။ ဖက်ရှင်ဒီဇိုင်းတွေ အမြဲဆန်းသစ်တဲ့ ပိုပိုဟာဆိုရင် ကြည့်ရှုသူတွေ မရိုးသွားရအောင် စတိုင်အမျိုးမျိုးနဲ့ ဓာတ်ဖမ်းခဲ့တာပါနော်...။ အခုတစ်ခါမှာဆိုရင်လည်း ရှေးဟောင်း ကားအကောင်းကြီးနဲ့ ရိုက်ကူးထားခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို "I'm not just a pretty girl" ဆိုတဲ့ status လေးနဲ့အတူ official page တွင် ပြသထားတာဖြစ်တာကြောင့် မိမိကိုယ်ကိုနှိမ့်ချတတ်တဲ့ စိတ်ထားလေးရှိကြောင်းကိုလည်း သိရမှာဖြစ်ပါတယ်...။

Source ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။