မိန်းကလေးတိုင်းရဲ့ ကြီးကျယ်ခမ်းနာစွာလက်ထပ်မဲ့အိမ်မက်ကို အကောင်အထည်ဖော်သွားတဲ့ Priyanka Chopra ဟာဆိုရင်တော့ ခုချိန်မှာ ချစ်ခင်ပွန်းဖြစ်သူ Nick Jonas နဲ့အတူ Disneyland မှာ ပျော်ရွှင်စွာ လည်ပတ်လျက်ရှိနေပါတယ်။ အင်္ဂါနေ့တုန်းက Florida, Orlando မှာရှိတဲ့ Disneyland ရဲ့ Magic Kingdom ပန်းခြံမှာ သူတို့နှစ်ယောက် လက်ချင်းချိတ်လို့ ပျော်ရွှင်စွာ လည်ပတ်လျက်ရှိနေကြတာကို တွေ့ရှိရပါတယ်။ သူတို့နှစ်ယောက်ကိုကြည့်တိုင်း အားကျမိတယ်...မမတွေက မောင်လေးတွေကို ပျော်အောင်ထားတယ်လေ။ 

အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ကတော့ အဲ့နေ့တုန်းက Disney ရဲ့ အဓိက သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Minnie Mouse ရဲ့နားရွက်ကို ခေါင်းမှာ တပ်ထားကာ သူရဲ့အချစ်တော်နဲ့အတူ လက်ကိုကိုင်လို့ ပန်းခြံထဲဝင်ခဲ့ပါတယ်။ သိပ်မကြာသေးခင်ကလဲ မင်းသမီးဟာ သူမအချစ်ရေးနဲ့ပတ်သတ်ပြီး ခုချိန်မှာ သိပ်ပြီး အချိန်မပေးသေးကာ အကြောင်းကတော့ သူမရဲ့ သက်မွေးမှုလုပ်ငန်းကိုပဲ အာရုံစိုက်နေသောကြောင့်ပဲဖြစ်ပါတယ်။ 

သူမကခုချိန်မှာ Stress တွေများနေပြီး သူမအနေနဲ့ ဘာဖိအားမှ မရှိခြင်းကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာတုန်းက သူမဟာ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Nick နဲ့လက်ထပ်ခဲ့တာဖြစ်ကာ သိပ်မကြားသေးခင်တုန်းကမှ အချစ်နဲ့ပတ်သတ်ပြီး သူမဟာ " ပထမအကြိမ်တွေပြီး ချစ်မိသွားတဲ့ အချစ်ကို ကျွန်မမယုံပါဘူး...ဘာကြောင့်လဲဆိုတော့ ပထမဆုံးတွေ့တွေ့ချင်းမှာ သင်က ဆွဲဆောင်မှုရှိနေလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်....အချစ်ကတော့ ဒုတိယအကြိမ်လောက်တွေ့မှာ ချစ်တယ်ထင်ပါတယ် " ဆိုပြီး မြင်မြင်ချင်း ချစ်တဲ့အချစ်ကိုမယုံကြောင်းပြောပြခဲ့ပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။