မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံအထိပါ အောင်မြင်ကျော်ကြားနေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်တဲ့အပြင် အမိုက်စားတက်တူးတွေနဲ့ Six Packs တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ကိုတော့ မိန်းကလေးပရိသတ်တွေက အသည်းခိုက်အောင်ကြွေနေရတာ ဖြစ်ပါတယ်။ ပျိုမဒီတွေအသည်းစွဲရတဲ့ ပိုင်တံခွန်က အခုဆိုရင် ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်တံခွန်က ပွဲအခမ်းအနားလေးတွေ တက်ရောက်နေရသလို ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ပိုင်တံခွန်က ထိုင်းနိုင်ငံမှာရှိတဲ့ သူရဲ့ချစ်ပရိသတ်တွေနဲ့တွေ့ဆုံဖို့ "Fan Meeting" တစ်ခုကို ဘန်ကောက်မှာသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အတော်လေးအောင်မြင်မှုရနေတဲ့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံကနာမည်ကြီးမီဒီယာတွေ ဝိုင်းဝိုင်းလည်အောင် အင်တာဗျူးဖြေခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုလည်း ပိုင်တံခွန်က ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ " Voice TV " မှာ ထိုင်း၊မြန်မာ၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးနဲ့ အင်တာဗျူးဖြေခဲ့တာ တွေ့ရပါတယ်။ ထိုင်းပရိသတ်တွေသိချင်သမျှ မေးခွန်းလေးတွေကို ဖြေကြားခဲ့တဲ့ ပိုင်တံခွန်ရဲ့ စကားပြောဟန်နဲ့ အမူအရာလေးတွေကတော့ တကယ့်ကိုဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ သန်းနဲ့ချီအောင် ကြည့်ရှုသူအများအပြားရရှိထားတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Paing Takhon;

Video Credit- Voice TV;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။