ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ခင်ရူပကိုတော့ လှူဒါန်းမှုလေးတွေကို ပြုလုပ်နေတာ တွေ့ရပါတယ်နော်..။

မော်လ်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး ခင်ရူပကတော့ အခုတစ်ခါမှာလည်း ဆေးကုသမှုခံယူနေရတဲ့ ကျောက်ကပ်ဝေဒနာရှင် ကစ်ကစ်အတွက် အလှူငွေတွေ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်နော်..။


မင်းသမီးချောလေး ခင်ရငပနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ကစ်ကစ်ရဲ့ ကျောက်ကပ်ဆေးအလှူအတွက် ထာဝရအလှူရှင်အဖြစ် လစဉ်အလှူငွေ(၁)သိန်းကို ရာသက်ပန်လှူဒါန်းသွားမှာဖြစ်ပြီး ပရိသတ်တွေကလည်း ဝမ်းသာအားရသာဓုခေါ် ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

အခုလို ကစ်ကစ်အတွက် ရာသက်ပန်အလှူရှင်အဖြစ် လစဉ်တိုင်း အလှူငွေတွေ လှူဒါန်းသွားမယ့် ဝမ်းသာစရာသတင်း အကြောင်းလေးကိုလည်း သရုပ်ဆောင်ခင်သဇင်က “မကစ်ရဲ့ ထာဝရ အလှူရှင် တစ်ဦးဖြစ်သူ သည် အကြောင်းကြောင်းအမျိုးမျိုးကြောင့် မလှူဒါန်းဖြစ်ပါသောကြောင့် အချိန်မှီ ထပ်မံ ရှာဖွေခဲ့ ရာ မော်ဒယ် နှင့် သရုပ်ဆောင် ညီမလေး ခင်ရူပ တို့ ဇနီးမောင်နှံသည် မကစ် ကျောက်ကပ် ဆေးအလှူအတွက် လစဉ် ၁ လ (တစ်သိန်း) ပေးလှူရန် ရာသက်ပန် ဆုံးဖြတ်ချက်ချပြီးပေးလှူလိုက်တဲ့အတွက် အထူးကျေးဇူးတင် ဂုဏ်ပြုပါသည်

ဒီထက်မကသော သာယာပျော်ရွှင်သော အိမ်ထောင်ရေး နှင့် ကြီးပွားတိုးတက်မှု အပေါင်းကို ခံစား စံစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်..” ဆိုပြီး ဆုတောင်းစကားလေးနဲ့အတူ ရေးသားပြောပြထားတာ ဖြစ်ပါတယ်နော်..။


ထပ်မံပြီးတော့လည်း ယနေ့အချိန်ထိ ကစ်ကစ်အတွက် ရာသက်ပန်အလှူရှင်အဖြစ် လှူဒါန်းနေကြတဲ့ အလှူရှင်တွေကတော့ စုစုပေါင်း(၁၁)ယောက်ရှိပြီဖြစ်ပြီး ထာဝရအလှူရှင်အဖြစ် နောက်ထပ်တစ်ယောက်ကို အရေးတကြီး လိုအပ်နေတဲ့ အကြောင်းလေးကိုလည်း သူမက အခုလို ပြောပြထားပါသေးတယ်နော်..။

“မကစ် အတွက် ထာဝရ အလှူရှင် စာရင်း အား ထပ်မံ ဖြည့်စွက် တင်ပြပေးလိုက်ပါသည်

1/ အကို သော်ဇင် Cote Gyi

2/ အကိုရဲထိုက် ဇနီးမောင်နှံ Ye Htike Kyaw

3/ ဒေါက်တာ ဖြိုးစည်သူ

4/ ခိုင်မွန်တို့ ဇနီးမောင်နှံ Khaing Mon

5/ အကိုတေဇာ Tayzar Aung Lwin

6/ကိုမောင်သန့် Maung Maung Thant

7/မမ စန်း San San Lwin

8/Rose Rose Khin MeeMee Win

9/Khin kyaw Khin Kyaw Zaw

10/ ခင်ရူပ Khin Yupa

11/ ခင်သဇင် ခင်သဇင်

အရေးပေါ် ။ ။ အလှူရှင် ၁၂ ဦးရှာဖွေခဲ့ရာ နောက်ထပ်တစ်ဦးသည်လည်း ဆက်သွယ်ရျ် မရတော့ပါသောကြောင့် အရေးတကြီး လိုအပ်နေကြောင်း မျှဝေပါရစေရှင်

(ထာဝရ အလှူရှင် ဖြစ်လိုသူများသည် မကစ် သက်ရှိထင်ရှား ရှိစဉ် ကာလ အထိ ၁ လ လျှင် ၁ သိန်းကျပ် လစဉ် မပျက်မကွက်ပေးလှူရမှာ ဖြစ်သည့် အတွက် သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ သာလျှင် ထာဝရ အလှူရှင် အဖြစ် လှူဒါန်းရန် ဆုံးဖြတ်ပေးပါရန် အထူး မေတ္တာ ရပ်ခံ ပါရစေရှင်

မဟုတ်ရင် လူနာ အတွက် အခက်အခဲလေးတွေ ဖြစ်လာလို့ပါ

စေတနာ မေတ္တာအား အထူးလေးစား တန်ဖိုးထားလျှက်

ခင်သဇင်..” ဆိုပြီး ရေးသားမျှဝေပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - ခင်သဇင်၊ ခင်ရူပ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။