ဆုပန်ထွာရဲ့ သားလေးRoar Roarလေးဟာ လတ်တလောမှာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိပိုင်ဆိုင်ထားသူလေးပါနော်။ မေမေ့စကားဆိုရင်အရမ်းနားထောင်ပြီးတော့ အဖေနဲ့အမေအပေါ်ကိုလည်း သိတတ်တဲ့သားလိမ္မာလေးဖြစ်တဲ့ အတွက် ပရိတ်သတ်တွေက အချစ်ပိုနေခဲ့ရတာပါနော်။ Roar Roarလေးဟာ အရွယ်ရောက်လာတာနဲ့အမျှ ပိုပြီးသိတတ်နားလည်လာလို့ ပရိတ်သတ်တွေရဲ့အချစ်တွေကို တစ်နေ့တစ်ခြားပိုတိုးလို့ရရှိခဲ့ပါတယ်နော်။

အခုဆိုရင် Roar Roarလေးဟာ မိဘတွေရဲ့ သွန်သင်မှုအောက်မှာလူလိမ္မာလေးတစ်ယောက်အဖြစ်နဲ့ကြီးပြင်းလာပြီး ကျောင်းစတက်တဲ့အရွယ်လေးတောင်ရောက်လို့နေခဲ့ပါပြီနော်။ Roar Roarလေးဟာ မနေ့ကကျောင်းပထမဆုံးစတက်ခဲ့တာလည်းဖြစ်ပါတယ်။ မေမေကတော့ သားလေးကို မိခင်ပီပီ စိတ်ပူပြီးမျက်ရည်ဝဲခဲ့ရပေမယ့် သားသားလေးကတော့ သွက်လက်ပေါ့ပါးစွာနဲ့ပဲအတန်းထဲမှာပျော်ရွှင်နေခဲ့တဲ့အတွက် စိတ်ပူတာလျော့ခဲ့ရပါတယ်နော်။

အခုလည်းRoar Roarလေးရဲ့ ကျောင်းစတက်တဲ့ ဒုတိယမြောက်နေ့လေးကိုရောက်ရှိခဲ့ပါပြီနော်။ သူအကြိုက်ဆုံးHeroတွေထဲကတစ်ယောက်ဖြစ်တဲ့ Captain America ဒိုင်းပုံစံ ကျောပိုးအိတ်လေးကိုလွယ်ကာ ဖေဖေ့ကို လက်ဆွဲပြီးကျောင်းကို သွက်လက်ပေါ့ပါးစွာပဲသွားခဲ့ပါတယ်နော်။ မေမေစိတ်ပူစရာမလိုလောက်အောင်ကို ကျောင်းပျော်လေးဖြစ်နေတဲ့Roar Roarလေးကတော့ တကယ်ကိုချစ်စရာကလေးတစ်ယောက်ပါပဲနော်။ ကဲ... Roar Roarလေးရဲ့ ကျောင်းဒုတိယမြောက်တက်တဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source : Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။