ချစ်ပရိသတ်ကြီးရေ ကိုရီးယားမင်းသားလေးလို ချောမောခန့်ညားတဲ့ ပိုင်တံခွန်ကတော့ အနုပညာလောကမှာအောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့

သူများနဲ့မတူအောင် နို့ကိုဇိမ်ခံပြီးသောက်နေလို့ သူငယ်ချင်းဖြစ်သူရဲ့ ဆေးအကြီးကြီးထိုးတာ ခံလိုက်ရတဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြထားတာတွေ့ရပါတယ်။

ဗီဒီယိုလေးထဲမှာ ပိုင်တံခွန်တစ်ယောက် ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ ပုံလေးတိုင်းကလည်း ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေစေခဲ့တာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်တံခွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Sai Han Leng Tai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။