ထိပ်သီး နှစ်သင်းရဲ့ ပွဲမှာ ဆိုးလ်ရှားရဲ့ ယူနိုက်တက် လမ်းပတ်ရဲ့ ချယ်လ်ဆီးကို ဂိုးပြတ်နိုင်ခဲ့ပါတယ်။ ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တဲ့ ယူနိုက်တက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ယူနိုက်တက်အတွက် ဂိုးတွေကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ၂ဂိုး၊ မာရှယ်လ်ကနဲ့ လူစားဝင်လာတဲ့ ဂျိမ်းစ်တို့က တစ်ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးဖက်က ဂိုးသွင်း ၂ကြိမ် တိုင်ထိခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်က တန်ပြန်တိုက်စစ်ကို အကောင်းဆုံး အသုံးချပြီး လမ်းပတ်ရဲ့ ချယ်လ်ဆီးကို ၄ဂိုးပြတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါနိုင်ပွဲအပြီး လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ပထမဆုံလေ့ကျင့်ခန်းဆင်းခဲ့တဲ့ ဆန်းချက်ဇ်တစ်ယောက် လူငယ်ကစားသမား ဂရင်းဝုဒ်နဲ့ ရန်ဖြစ်စကားများခဲ့ပါတယ်။

တိုက်စစ်မှူးဆန်းချက်ဇ်တစ်ယောက် လူငယ်ကွယ်လယ်ကြယ်ပွင့်ကစားသမား ဂရင်းဝုဒ်ရဲ့ ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် အချင်းများခဲ့ပြီး ဒေါသထွက်နေခဲ့တယ်ဆိုလို့ သိရပါတယ်။ မန်ယူတိုက်စစ်မှူးဆန်းချက်ဇ်တစ်ယောက်ကတော့ အသင်းပြောင်းဖို့ သတင်းတွေထွက်ပေါ်နေပြီး ဒဏ်ရာကြောင့် ကိုပါအမေရိကပွဲစဉ်တွေတည်းက အနားယူနေရပါတယ်။

SOURCE: THE SUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။