ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေးသဇင်ထူးမြင့်ကတော့ ၂၀၁၈အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ဆောင်ရွက်ရင်း ပရိသတ်တွေက စတင်သတိထားမိလာတာဖြစ်ပါတယ်။သဇင်ထူးမြင့်က ဖေဖေခင်လှိုင်ရဲ့ အနုပညာသွေးတွေလည်းအပြည့်ပါနေတာကြောင့် အနုပညာအလုပ်ကိုဝါသနာပါပြီး ကြော်ငြာတွေ MTVတွေရိုက်ကူးကာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းခြေလှမ်းစနေပြီဖြစ်ပါတယ်။

ဖြူစင်ရိုးသားပြီးအရမ်းချစ်စရာကောင်းတဲ့သဇင်ထူးမြင့်က ခင်တတ်မင်တတ်သူတစ်ယောက်ဖြစ်လို့ ရွှေကြိုမှာပါဝင်ကြတဲ့ သူငယ်ချင်းတွေနဲ့လည်း အရမ်းခင်မင်ရင်းနှီးသွားပါတယ်နော်။သဇင်ထူးမြင့်တို့ ရွှေကြိုအဖွဲ့က အကုန်လုံးလူငယ်တွေဖြစ်ကြတာကြောင့် ပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်ပြီး အချင်းချင်းစနောက်ကျီစယ်ကာပျော်ပျော်ပါးပါးနေတတ်ကြသူတွေဖြစ်ပါတယ်။သဇင်ထူးမြင့်တို့ရွှေကြိုအဖွဲ့က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။

သဇင်ထူးမြင့်တို့ရွှေကြိုသူငယ်ချင်းအုပ်စုက တစ်ခါတစ်လေ ရိုက်ကူးရေးတွေမှာလည်း အတူတူဆုံကြပြီး သူငယ်ချင်းတွေရဲ့ အခွီပုံစံလေးတွေကို ပရိသတ်တွေအတွက်မျှဝေနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း သဇင်ထူးမြင်တို့သူငယ်ချင်းတွေက ရိုက်ကူးရေးတစ်ခုမှာ ပျော်ပျော်ပါးပါးနဲ့ စကားတွေဖောင်ဖွဲ့နေကြပြီး မျက်နှာပြောင်နေကြတဲ့ အခွီဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Thazin Htoo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။