ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေးကတော့ ရွှေပိုးအိမ်ပဲ ဖြစ်ပါတယ်နော်..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် အေးချမ်းတဲ့ အလှတရားလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ ချစ်စရာဟန်ပန်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်သူလေးပါ..။


ဒီကနေ့ သြဂုတ်လ(၁၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ရွှေပိုးအိမ်ရဲ့ အသက်(၂၇)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်နော်..။

ရွှေပိုးအိမ်ကတော့ ဒီကနေ့မှာ ကျရောက်လာတဲ့ သူမရဲ့ မွေးနေ့ရက်လေးမှာ မွေးနေ့အလှူလေးအဖြစ် မေတ္တာမွန် မိဘမဲ့ဂေဟာလေးမှာ အလှူငွေတွေ လှူဒါန်းခဲ့ပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ကုသိုလ်ယူနေပါတယ်နော်..။


အလှူငွေတွေ လှူဒါန်းခဲ့တဲ့ အပြင် ကလေးငယ်လေးတွေနဲ့အတူ မွေးနေ့လေး အတူကိတ်ခွဲကာ မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပြီး ပျော်ရွှင်စရာ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို ကူးစက်စေပြန်ပါတယ်နော်..။

ကလေးငယ်လေးတွေနဲ့အတူ မွေးနေ့ကိတ်ခွဲခဲ့တဲ့ ကြည်နူးပျော်ရွှင်စရာ မွေးနေ့ပုံရိပ်လေးတွေကိုလည်း ဗီဒီယိုဖိုင်လေးနဲ့အတူ ချစ်ပရိသတ်တွေကိုလည်း မျှဝေထားတာမို့ ရွှေပိုးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ရွှေပိုးအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။