ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ထူးထူးဆန်းဆန်းနဲ့ ဗဟုသုတရစေမယ့်အကြောင်းအရာလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ပင်လယ်ရေနေ သတ္တဝါတွေထဲမှာ ထူထူးဆန်းဆန်းနဲ့ ကြောက်မက်ဖွယ်ရာ အကောင်တွေ များစွာ ကျင်လည်နေတဲ့ အထဲမှာမှ Black Swallower ဆိုတဲ့ ငါးကတော့ တစ်ခြားအကောင်တွေနဲ့ မတူပဲ တစ်မူထူးခြားတယ်လို့တောင်ပြောလို့ရပါတယ်။ သူ့ရဲ့ ထူးခြားပုံကတော့ အကောင်ကသာ သေးပေမယ့်လည်း သူ့ထက် အရွယ်အစားနှစ်ဆလောက်ကြီးတဲ့ ငါးအချင်းချင်းကိုတောင် အသာလေးစားပစ်နိုင်ပါတယ်။

Black Swallower ငါးတွေဟာ မိမိထက် နှစ်ဆကြီးတဲ့ စားနိုင်တာဟာ သူတို့ရဲ့ကြီးမားလှတဲ့ အစာအိမ်ကြောင့်ဖြစ်ပြီး အသာလေးကိုမျိုချနိုင်ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ အစာချေဖျက်စနစ်ဟာ တခြားသတ္တဝါတွေလိုမျိုးမဟုတ်တာကြောင့် ပြန်လည်အန်ထုတ်တဲ့အခါမှာ ဒီအတိုင်းအကောင်လိုက်ပြန်အန်ထုတ် ရတာပဲ ဖြစ်ပါတယ်။

Black Swallower ငါးတွေဟာ ပင်လယ်ရေအောက်အနက်ပိုင်းတွေမှာသာ အနေများပြီး တွေ့ရခဲလှတဲ့ မျိုးစိတ်လည်းဖြစ်ပါတယ်။ အရွယ်အစားကတော့ များသောအားဖြင့် ၈၆ စင်တီမီတာရှိပြီး အညိုရောင်နဲ့ အနက်ရောင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ သူတို့ရဲ့ အစာအဖြစ်အစားများဆုံးကတော့ Bony ငါးတွေဖြစ်ပြီး အခြားသော သူတို့ထက် နှစ်ဆကြီးတဲ့ ငါးတွေကိုလည်း မထင်ရင် မထင်သလို စားကြပါသေးတယ်တဲ့ ပရိသတ်ကြီးရေ...

Source : wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။