သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ ကလေးနှစ်ယောက်အမေလို့ မထင်ရလောက်အောင် ငယ်ရွယ်နုပျိုတဲ့အလှတရားတွေနဲ့ လှပနေဆဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အောင်မြင်မှုများစွာကို သိမ်းပိုက်ရရှိခဲ့တဲ့ ခင်ဇာခြည်ကျော်က လက်ရှိမှာလည်း ဇာတ်လမ်းတွဲလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးပြီး အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဇာခြည်ကျော်က သားနဲ့သမီးကိုလည်း အကောင်းဆုံးပြုစုပျိုးထောင်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကလည်း အခုဆိုရင် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေတဲ့ အနုပညာမျိုးဆက်သစ်လေးတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ဇာခြည်ကျော်ရဲ့သားလေး ဘုန်းမင်းနေလက စင်္ကာပူနိုင်ငံမှာ ကျောင်းသွားတက်နေရတာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာကျောင်းတက်နေရပေမယ့် အိမ်အလုပ်တွေကို ကိုယ်တိုင်လုပ်လေ့ရှိတဲ့ သားလေးကိုကြည့်ပြီး ခင်ဇာခြည်ကျော်တစ်ယောက် ပီတိဖြစ်နေရတာ ဖြစ်ပါတယ်။

အခုလည်း ဘုန်းမင်းနေလက မီးဖိုချောင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အရသာရှိတဲ့ထမင်းသုပ်တစ်ပွဲကို သေသေချာချာလေး ပြင်ဆင်နေတာ တွေ့ရပါတယ်။ ကိုယ်တိုင်လက်စွမ်းပြထားတဲ့ ထမင်းသုပ်လေးကိုကိုင်ပြီး ပျော်ရွှင်နေတဲ့သားလေးဘုန်းမင်းနေလရဲ့ဗီဒီယိုလေးကိုတော့ မေမေခင်ဇာခြည်ကျော်က ပြန်တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Khinzar Chikyaw Zar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။