လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ ရေကြီးမှုကြောင့် အိမ်ခေါင်မိုးပေါ် တက်ပြီးတိမ်းရှောင်နေတဲ့ မိကျောင်းကြီးတစ်ကောင်ရဲ့ ဗီဒီယိုဟာ လူစိတ်ဝင်စားမှုမြင့်တက်နေတာတွေ့ရပါတယ်။

ဒီဖြစ်ရပ်ကတော့ အိန္ဒိယနိုင်ငံ Karnat ဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ၎င်းဒေသအတွင်းမှာဆိုရင်လည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာ ရက်အနည်းငယ်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိဆိုရင်လည်း ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေဟာ တဖြေးဖြေးမြင့်တက်လာနေသလို ထောင်သောင်းချီတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ယခုလူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုအတွင်းမှာဆိုရင်လည်း မိကျောင်းကြီးတစ်ကောင်ဟာ ရေကြီး ရေလျှံမှုတွေကြောင့် မြစ်ထဲကနေ မြောပါလာပြီး အိမ်တအိမ်ရဲ့ခေါင်မိုးပေါ်မှာ တက်ရှော်နေခဲ့တာတွေ့ရပါတယ်။

ဒီဖြစ်ရပ်ကိုတော့ အနားမှာရှိတဲ့ လူတချို့ဟာ ဖုန်းတွေနဲ့ ဗီဒီယိုရိုက်ကူးခဲ့ပြီးနောက် လူမှုကွန်ယက်ပေါ် မျှဝေခဲ့တာပဲဖြစ်ပါတယ်။

ဗီဒီယိုလေးကိုကြည့်ရှုပြီးသွားတဲ့သူတွေဟာဆိုရင်လည်း ဒါဟာဗီဒီယိုလေးတစ်ခုသက်သက်မဟုတ်ပါဘူး မိကျောင်းတစ်ကောင်တောင် အခုလိုတက်ရှောင်နေတာ ၎င်းဒေသမှာနေထိုင်တဲ့ ရေဘေးသင့်ပြည်သူတွေ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲဆိုတာကို ထင်ဟပ်ပြသထားတဲ့ ဗီဒိယိုလေးတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

မိကျောင်းလို ရေနေသတ္တဝါကြီးတောင် အခုလိုရှောင်ရှားနေရတာ ၎င်းဒေသက ဒေသခံပြည်သူတွေဆို ရေကြီးတဲ့ ဒဏ်ကိုဘယ်လောက်တောင် ခံစားခဲ့ကြရလဲ မသိဘူးနော် ပရိသတ်ကြီး။

Source _  ANI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။