စိတ်သဘောထားနူးညံ့သလောက် အလှအပရေးရာမှာလည်း ပုရိသတွေအရူးအမူးစွဲလန်းရအောင် လှနိုင်လွန်းတဲ့ မအေးသောင်းက ကိုကို၊မောင်မောင်တွေရဲ့ အသည်းနှလုံးကို အပိုင်စားရရှိထားတာ ဖြစ်ပါတယ်။ မအေးသောင်းက မဟာဆန်တဲ့အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှတွေနဲ့ မြင်သူတိုင်း ရင်ခုန်စွဲမက်ချင်စရာကောင်းလောက်အောင် ညို့အားပြင်းလွန်းတဲ့ အလှဘုရင်မလေးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မအေးသောင်းက "အလွမ်းအေးအေး အချစ်စိမ့်စိမ့်" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း မအေးသောင်းက အလုပ်တွေမအားလပ်တဲ့ကြားကနေ ရေကြီးနေတဲ့နေရာဒေသတွေအတွက် သွားရောက်ကူညီကယ်ဆယ်ပေးနေတာ ဖြစ်ပါတယ်။ မအေးသောင်းတို့အဖွဲ့က ရေဘေးဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းနိုင်ဖို့အတွက် ရောက်ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို Live လွှင့်ပြီး အသိပေးထားပါတယ်။

မအေးသောင်းက အိမ်တွေမြုပ်တဲ့အထိ ရေကြီးနေတဲ့ ကျိုက်မရောမြို့နယ်ကိုရောက်ရှိနေတာဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေဆီကို သွားရောက်လှူဒါန်းဖို့ စတင်ထွက်ခွာနေပြီ ဖြစ်ပါတယ်။ မအေးသောင်းတို့အဖွဲ့က အသက်ကယ်ဝတ်စုံဝတ်ပြီး လှေစီးကာ သွားရောက်ကူညီပေးရမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ရောက်ရှိနေတဲ့ မအေးသောင်းရဲ့ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aye Thaung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။