ဟာသဇာတ်ရုပ်တွေကိုဆိုရင် ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဟာသပညာရှင် ဂုရုကြီးတစ်ယောက်ဖြစ်တဲ့ မန်းဝင်းဟာ လက်ရှိမှာဆိုရင် ကျောက်ကပ်ရောဂါကိုအပြင်းအထန်ခံစားနေရပါတယ်နော်။ ကျောက်ကပ်ရောဂါဆိုတာကလည်း နေရထိုင်ရ သွားရတာဘယ်လိုမှအဆင်မပြေတဲ့အပြင် သူဟာ မျက်လုံးသွေးကြောပေါက်ထားတဲ့အတွက် စက္ခုအလင်းကွယ်နေခဲ့ရပါတယ်နော်။

အရင်ကဆိုရင် ဘာသာတရားလည်းအရမ်းရိုသေကိုင်းရှိုင်းပြီးတော့ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပရိတ်သတ်တွေကို ရယ်အောင်မောအောင်ပျော်အောင်ပြုလုပ်ပေးခဲ့တဲ့ ဦးမန်းဝင်းရဲ့လက်ရှိအဖြစ်ကြောင့် ပရိတ်သတ်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်နော်။ဒီလိုရောဂါဝေဒနာပြင်းထန်နေတဲ့အတွက် နေထိုင်ရတဲ့ဘဝကိုလည်း စိတ်ကုန်နေမိကြောင်းပြောပြောနေတတ်တဲ့ ဦးမန်းဝင်းဟာ ဒီနေ့မှာတော့ မျှော်လင့်ချက်တွေပြန်လည်ရရှိလာခဲ့ပါတယ်နော်။ အဲ့ဒါကတော့ အကယ်ဒမီမင်းသားကြီးရဲအောင်ရဲ့ မွန်မြတ်တဲ့အလှူတစ်ခုကြောင့်ပါပဲ။

အကယ်ဒမီ မင်းသားချောကြီး ရဲအောင်ရဲ့အကူအညီနဲ့ သဘင်ရုပ်ရှင်အနုပညာရှင် ဦးမန်းဝင်းဟာ ကွယ်နေတဲ့ စက္ခုအလင်းတွေကိုပြန်လည်ရရှိတော့မှာပဲဖြစ်ပါတယ်နော်။ အခုဆိုရင် ရဲအောင်ရဲ့ အကူအညီပေးမှုကြောင့် ဦးမန်းဝင်းတစ်ယောက်ဟာ Grand Hanthaဆေးရုံကြီးမှာ မျက်စိခွဲစိတ်ဖို့အတွက် အထူးကုဆရာဝန်ကြီးတွေနဲ့တောင်ပြသလို့နေပါပြီနော်။ ရဲအောင်ကလည်း ကိုယ့်ရဲ့ဆွေမျိုးတစ်ယောက်လိုချစ်ခင်ရပြီး မသိတာမှန်သမျှကိုသင်ကြားပြသပေးခဲ့တဲ့သူကို ကုသိုလ်ယူရတဲ့အတွက်လည်း တကယ်ကိုမွန်မြတ်လွန်းလှပါတယ်နော်။ ဦးမန်းဝင်းအတွက်ကလည်း သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်အကျိုးတွေကို ပြန်လည်ခံစားရတယ်လို့ပဲဆိုရမလိုပါပဲနော်။ ကဲ.... ပရိတ်သတ်တွေ အရမ်းချစ်ရတဲ့ ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံးအရင်လိုကျန်းမာရေးပြန်လည်ကောင်းမွန်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Man Win - Joker

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။