ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖွေးဖွေးကတော့ အနုပညာလောကမှာလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ရွှေမင်းသမီးတစ်ယောက်ပါနော်။ဖွေးဖွေးရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေက ဖွေးဖွေးရဲ့အိုင်တင်တွေကို အရမ်းသဘောကျကြပါတယ်။ဖွေးကလည်း အနုပညာကိုကြိုးစားတဲ့သူတစ်ယောက်ဖြစ်လို့ အောင်မြင်မှုရဲ့အသီးအပွင့်တွေကို ရရှိနေတာပါနော်။

ဖွေးဖွေးကတော့ အသက်၃၁နှစ်အရွယ်ဖြစ်ပေမယ့်လည်း လန်းဆန်းနုပျိုခြင်းတွေက အမြဲတမ်းကလေးတစ်ယောက်လို တက်ကြွဖျက်လက်နေဆဲဖြစ်ပါတယ်။ဖွေးဖွေးရဲ့ကလေးဆန်ဆန်ဟန်ပန်အမူအရာလေးတွေနဲ့သဘောကောင်းဖော်ရွေတတ်လွန်းလို့ ပရိသတ်တွေက အရမ်းချစ်နေရတာဖြစ်ပါတယ်။အခုလက်တလောမှာတော့ ဖွေးဖွေးက ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပြီး ရိုက်ကူးရေးတွေလည်း အဆက်မပြတ်ရှိနေပါတယ်နော်။

ဖွေးဖွေးကတော့ လူငယ်ပီပီ ပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်ပြီး စိတ်ထားလေးဖြူစင်တတ်သူဖြစ်တဲ့အပြင် လူတိုင်းအပေါ်လည်း ကူညီတတ်တဲ့သူလေးပါနော်။ဖွေးဖွေးရဲ့စကားပြောပုံဆိုပုံလေးတွေနဲ့ အသည်းယားစရာအမူအရာလေးတွက ပရိသတ်တွေကို အချစ်တိုးစေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖွေးဖွေးက အလန်းစားကကွက်တွေနဲ့ကပြနေပြီး အပီအပြင်ဒွန့်ပြနေတဲ့ဖွေးဖွေးရဲ့ဗီဒီယိုဖိုင်လေးကိုမျှဝေပေးလိုက်ပါရစေနော်။

Source:Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။