ပရိသတ်ကြီးရေ.. မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအပြင် ပြည်ပနိုင်ငံတွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ ထိုင်းပရိသတ်တွေကိုပါ ရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အမိားဆုံးရရှိခါးတဲ ပိုင်တံခွန်ဝါ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမှာ Fan Meeting ပွဲကျင်းပပြုလုပ်ပြီး ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်နော်..။

ထိုင်းမလေးတွေရဲ့ အသည်းစွဲအချစ်တော် ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာ အင်တာဗျူးပြုလုပ်ရင်း ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးချောတစ်ဦးဖြစ်တဲ့ Baifern - Pimchanok ကို သဘောကျတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်..။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထိုင်းမီဒီယာတွေကလည်း Baifern ကို ပိုင်တံခွန်နဲ့ ပတ်သက်ပြီး မွေးခွန်းတွေမေးကြတဲ့ အခါမှာ သူငယ်ချင်းတွေပို့ပေးလို့ ပိုင်တံခွန်ရဲ့ သတင်းတွေကို ဖတ်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်..။

အဲ့ဒီနောက်မှာ ပိုင်တံခွန်နဲ့ အနုပညာအလုပ်တွေကို အတူတွဲလုပ်ဖို့ သူမရဲ့ သဘောထားကို မေးတဲ့အပေါ်မှာလည်း တကယ်လို့ အခွင့်အရေးရရင် ဝမ်းသာပါတယ်ဆိုပြီး ဖြေဆိုထားကာ အနုပညာအလုပ်တွေအတူတွဲလုပ်ချင်တဲ့ အကြောင်းလေးကို ပြောပြထားပါတယ်နော်..။

ပိုင်တံခွန်နဲ့ပတ်သက်ပြီး အင်တာဗျူးဖြေဆိုထားတဲ့ ထိုင်းမင်းသမီးချောလေး Baifern ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ပိုင်တံခွန်၊ Baifern

Video - Fraile Rose၊ Paing Takhon Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။