ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ တစ်ခေတ်တစ်ခါတည်းက ပရိသတ်တွေရဲ့ရင်ကိုစိုးမိုးနိုင်ခဲ့တဲ့သူတစ်ယောက်ပါနော်။နောက်ပိုင်းမှာတော့ အနုပညာနယ်ပယ်ကနေကွယ်ပျောက်သွားပြီး၂၀၁၇ခုနှစ်လောက်မှာ မြန်မာဆန်ဆန်လေးနဲ့ပြန်လည်ပေါ်လာကာ ပုရိသတွေရဲ့ရင်ကိုလှုပ်ခတ်စေခဲ့လို့ အပျိုကြီးမတ်မတ်အေးသောင်းဆိုပြီး တစ်ခေတ်ပြန်ရေပန်းစားလာတာဖြစ်ပါတယ်။

မအေးသောင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းပြန်လည်ရိုက်ကူးခဲ့ပြီး မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးမှာ မအေးသောင်းရဲ့အိုင်တင်တွေကို သဘောကျလွန်းလို့ ပရိသတ်တွေက အကယ်ဒမီမှန်းခဲ့ကြတာကိုတွေ့ရပါတယ်။မအေးသောင်းကတော့ ၃၄နှစ်အရွယ်အပျိုကြီးတစ်ယောက်ဖြစ်ပေမယ့်လည်း နုငယ်ပျိုမျစ်ခြင်းတွေက အမြဲဆယ်ကျော်သက်လေးလိုပါပဲနော်။မအေးသောင်းရဲ့အလှကလည်း ယဉ်စစလေးနဲ့ကျက်သရေရှိလို့ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လေးပါနော်။

မအေးသောင်းကတော့ လူလေးကလည်းလှသလို စိတ်ထားလေးကလည်း ဖြူစင်တာကြောင့် လူသားချင်းစာနာထောက်ထားတဲ့စိတ်အပြည့်ရှိပါတယ်နော်။အခုဆိုရင်လည်း ရေဘေးဒုက္ခခံစားနေရတဲ့ မွန်ပြည်နယ်ကပြည်သူတွေအတွက် တတ်နိုင်သလောက်ကိုဝိုင်းဝန်းပြီး ကူညီပေးတာဖြစ်ပါတယ်။မအေးသောင်းက မွန်ပြည်နယ် ကျိုက်မရောဒေသဘက်ကိုသွားပြီး ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းနေတုန်းမှာ မထင်မှတ်ဘဲ ပရဟိတမင်းသားကြီးဝေဠုကျော်နဲ့ဆုံတွေ့ခဲ့တဲ့ပုံရိပ်လေးကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Wai Lu Kyaw Foundation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။