ပရိသတ်ကြီးတို့ရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး အနုပညာအလုပ်တွေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ လူရွှင်တော်ကြာစိကလည်း အပါအဝင်ပါပဲ..။

ဖိုက်စတား အဖွဲ့ဝင် လူရွှင်တော်ကြာစိကတော့ အောင်မြင်တဲ့ အနုပညာရှင်အဖြစ်ရပ်တည်နေသလို ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။

အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့ ကြာစိတို့ မိသားစုလေးကတော့ အခုတစ်ခါမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်နော်..။

ကြာစိတစ်ယောက်ကတော့ ရေဘေးသင့်ပြည်သူတွေအတွက် အဝတ်အထည်တွေလှူဒါန်းဖို့အတွက် အဝတ်အစားတွေကို အကုန်လှူဒါန်းဖို့ ကိုယ်တိုင်ထုတ်ပိုးနေပါတယ်နော်..။

အဝတ်အစားတွေ ထုတ်ပိုးပြီး လှူဒါန်းမယ့်အကြောင်းလေးကိုလည်း ချစ်ပရိသတ်တွေကို ပုံလေးတွေနဲ့အတူ "ရေဘေးအလှူ အတွက်လိုအပ်မယ်ထင်လို့ အကုန်လှူလိုက်မယ်နော်.." ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာတော့ ရေဘေးသင့်ဒုက္ခတွေ ကြုံတွေ့နေရတဲ့ ချစ်ပရိသတ်တွေအတွက် အဝတ်အစားတွေ ထုတ်ပိုးနေတဲ့ ကြာစိရဲ့ ကုသိုလ်အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

Photo - ကြာစိ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။