ရွှေကစ်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်များစွာရဲ့အားပေးမှုကို ရရှိပြီးသား ဖြစ်ပါတယ်။ ရွှေကစ်လေးရဲ့အလှကလည်း မိုးပေါ်ကနတ်သမီးလေးတစ်ပါး နတ်သက်ကြွေလာသလားတောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။ ရွှေကစ်လေးက ဝါဂွမ်းလေးလိုဖြူဖွေးတဲ့ အသားအရေလေးနဲ့ ဘိုဆန်ဆန်မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

အလှအပရေးရာမှာ ပြိုင်ဘက်ကင်းတဲ့ ရွှေကစ်လေးက သရုပ်ဆောင်ပိုင်းမှာလည်း သူမတူအောင်ထူးချွန်လှသူလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေကစ်လေးက မြန်မာနဲ့ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတဲ့ ''တိမ်တွေပေါ်ကပန်း'' ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေရပါတယ်။ ရွှေကစ်လေးက ဒီဇာတ်ကားကြီးကို ချင်းတောင်တန်းကြီးမှာ သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အခုလည်း ရွှေကစ်လေးက '' တောင်တန်းတွေရဲ့အလယ် '' ဆိုပြီး အမိုက်စားဖက်ရှင်လေးနဲ့ မိုးကျရွှေကိုယ်လေးလိုလှနေတဲ့ ပုံလေးတွေကို တင်ထားပါတယ်။ အခါခါပြန်ကြည့်ရလောက်အောင် စွဲမက်ဖွယ်ကောင်းနေတဲ့ ရွှေကစ်လေးကတော့ တကယ့်ကိုရှုမငြီးတဲ့ အလှမိမယ်လေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi;

Photo Credit -Yu Maw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။