အေးသောင်းကတော့ အနပညာလောကရဲ့အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ဆိုလဲ မမှားပါဘူး။ သူမကတော့ ပရိသတ်တွေကြားမှာ မတ်မတ်အေးသောင်းဆိုပြီး ရေပန်းစားနေခဲ့တာပဲဖြစ်ပြီး သူမရဲ့ အမိုက်စားကောက်ကြောင်းအလှတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေသူလေးပဲဖြစ်ပါတယ်။  

မအေးသောင်းကတော့ ရေ၁၂ပေလောက်ထိတတ်လို့ ရေဘေးကြုံနေရတဲ့ အတိုပါရွာလေးကိုသးပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ စားစရာတွေလိုက်ဝေပေးနေခဲ့ပါတယ်။ အေးသောင်းကတော့ " ဒီ့ရွာလေးတွေမှာရေတွေ ၁၂ ပေထိတက်နေတုန်းပဲ။နှစ်ထပ်အိမ်တွေက တစ်ထပ်အပြီးမြုပ်သွားကြပါတယ်။ပရဟိတ အဖွဲ့တွေလည်းအများကြီးသွားလာနေတာတွေ့ရလို့အရမ်းပဲဝမ်းသာကြည်နူးမိပါတယ်။

ရေးဘက်မှာတော့ရေကျပြီးပြန်လည်ထူထောင်ရေးတွေလုပ်နေပါပြီ။ ကျိုက်မရောအနီးမှရွာငယ်လေးတွေကတော့ အခုထိ ရေတက်နေဆဲပါပဲ။ ထမင်းဟင်းချက်စားဖို့အဆင်မပြေသေးတာကြောင့် လာဝေတဲ့ထမင်းထုပ်တွေပဲစားကြပါတယ်တဲ့။လမ်းခရီးမှာတော့ ရေကျော်တဲ့နေရာ ၃ နေရာလောက်ဖြတ်ရပါတယ်။ ရေစီးလည်းသန်ပါတယ်။

Remax Myanmar နှင့် မွန် ကရင် မိုဘိုင်းလုပ်ငန်းရှင်များအသင်းရဲ့အလှူလေးပါ။

ဆန်အိတ် ၅၀၀ နဲ့ ခေါက်ဆွဲခြောက်အထုပ် ၁၀၀၀၀ (တစ်သောင်း) Sunkist အချိုရည်ဗူးများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင့်။ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source:အေးသောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။