ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားပြီး လူခင်လူချစ်ပေါများတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

မြန်မာပရိသတ်တွေအပြင် ပြည်ပနိုင်ငံပရိသတ်တွေနဲ့ ထိုင်းနိုင်ငံက ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားတဲ့ ပိုင်တံခွန်ကတော့ တကယ်ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲနော်..။

လူငယ်ပီပီ ပျော်ပျော်နေတတ်သူဖြစ်သလို အစအနောက်သန်တဲ့ ပိုင်တံခွန်ကတော့ အခုတစ်ခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့ ကျီစယ်စနောက်တာကို အသည်းယားနေပါတယ်နော်..။

သူငယ်ချင်းဖြစ်သူက သူ့ရဲ့ပေါင်နဲ့လက်တွေကို လိုက်ပွတ်ပြီး ကျီစယ်စနောက်မှုကြောင့် အသည်းယားပြီး တွန်းထုတ်ခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ "စတာကို ဖြစ်သည်းနေလိုက်တာ.." ဆိုပြီး သူငယ်ချင်းဖြစ်သူ Photographer ထက်ပိုင်ရဲက သဘောကျစွာနဲ့ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ သူငယ်ချင်းရဲ့ ကျီစယ်စနောက်တာကို အသည်းယားပြီး တွန်းထုတ်လိုက်တဲ့ ပိုင်တံခွန်ရဲ့ ရယ်စရာ ဗီဒီယိုဖိုင်လးကိုလည်း ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo - ပိုင်တံခွန်

Video - Htet Paing Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။