ပြီးခဲ့တဲ့ရက်ပိုင်းက ချီလီနိုင်ငံအတွင်းမှာ လူနေအိမ် ၂ လုံးပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၎င်းအိမ်တွေကတော့ ချီလီရဲ့ သမိုင်းဝင်ဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဗယ်လ်ပါရိုင်စိုက နေအိမ်တွေပဲဖြစ်ပါတယ်။

ယခုလိုပြိုကျမှုမှုကြောင့် ၎င်းအိမ်တွေမှာနေထိုင်တဲ့ ဒေသခံတွေဟာ အပျက်အဆီးတွေအောက်မှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

မနေ့က မနက်မှာဆိုရင်တော့ အပျက်အစီးတွေအောက်ကနေ လူနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ကအထိ သတင်းများအရဆိုရင်လည်း ၎င်းပြိုကျမှုကြောင့် သေဆုံးသူ ဦးရေဟာ ၆ ဦးလောက်ရှိနေပြီဖြစ်သလို ပိတ်မိနေသူတွေလည်းရှိနေသေးတာကြောင့် သေဆုံးသူ အရေအတွက်က ပိုများလာနိုင်သေးတယ်လို့ သိရပါတယ်။

Source – 7News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။