ဒီတစ်ပါတ် ပရိသတ်ကြီးကို အူမကြီး သန့်ရှင်းရေးနဲ့ ငယ်ရွယ်နုပျိုမှုကို ကြာရှည်အောင် ထိန်းသိမ်းမယ့် နည်းလမ်းလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ စာဖတ်ပရိသတ်ကြီးရေ ကျွန်နော်တို့ အူမကြီးဟာဆိုရင် "၅" ပေ ခန့်လောက်ရှည်လျားတာပဲဖြစ်ပါတယ်...။ ထိုကဲ့သို့ ရှည်လျားသော အူမကြီးမှာ ပြဿနာ တစ်ခုရှိတယ်ဆိုရင်တောင် ဂရုစိုက်မှု အလွန်နည်းပါးကြပါတယ်...။ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာထဲကမှ ထိုအစိတ်အပိုင်းကို သတိမပြုမိတာက သူသူ၊ ကိုယ်ကိုယ်ပါပဲနော်....။ အမှန်တော့ ကျွန်နော်တို့ နေ့စဉ်နဲ့အမျှ စားသောက်မှုတွေကို သန့်စင်ရှင်းလင်းပေးတဲ့ အစိတ်အပိုင်းတွေထဲကမှ တစ်ခါအပါဝင်ဖြစ်တဲ့ အူမကြီးကို လျစ်လျူရှုထားဖို့မသင့်ပါဖူးနော်....။

ကျွန်နော်တို့ ငယ်ရွယ်နုပျိုမှုကတော့ အူမကြီးနဲ့လည်း သက်ဆိုင် ပါတယ်...။ ဒါကြောင့်မလို့ ကျွန်နော်တို့ diet လုပ်တဲ့ အခါမှာတော့ ဗီတာမင် "စီ"ကို ထည့်သွင်းစွားသုံးပေးရမှာဖြစ်ပါတယ်...။ သစ်သီး၊ သစ်နှံတွေမှာ အများဆုံးပါတာမလို့ ဂရုတစိုက်နဲ့ စားသုံးပေးကြရမှာဖြစ်ပါတယ်....။ ထိုကဲ့သို့စားသုံးလျှင် အူမကြီးသန့်ရှင်းမှုကိုလည်း အထောက်အကူပြုပြီး ခန္ဓာကိုယ်သွယ်လျကျန်းမာစေမှာဖြစ်ပါတယ်....။ အစိမ်းရောင်သန်းတဲ့ သီးမွှေးငှက်ပျောသီး၊ အာလူးနဲ့၊ ပဲတောင့်ရှည်မျိုးစိတ်တွေကို ဝိတ်ချတဲ့အခါမှာလည်း စားသုံးပေးသင့်ပါတယ်နော်....။

သောက်ရေသန့်ကို အချိန်မှန်စွာ နည်းစနစ်ကျကျ သောက်သုံခြင်းဖြင့်လည်း ကျွန်နော်တို့ အူမကြီးကို ကောင်းမွန်စွာ အလုပ်လုပ်စေမှာဖြစ်ပါတယ်....။ ပရိသတ်ကြီးရေ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကိုလည်း စားသုံးဖို့ မမေ့လိုက်နဲ့ဦးနော်...။ ထိုအရာတွေကလည်း အူမကြီးအတွက်ကောင်းမွန်စေပြီး ဝမ်းလေ မှန်စေမှာဖြစ်ပါတယ်...။ ဆေးဖက်ဝင်တဲ့ လက်ဖက်ရည်ကိုသောက်သုံးခြင့်ဖြင့် အစာချေဖျက်မှှုစနစ်ကိုကောင်းစေကာ လူကြီးမင်းတို့လိုချင်တဲ့ ငယ်ရွယ်နုပျိုမှုကို ရေရှည်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက် ကျန်းမာရေးဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးလိုက်ပြိး နုပျိုကျန်းမာတဲ့ ဘဝမျိူးပိုင်ဆိုင်ရအောင် အစားအသောက်၊ အနေအထိုင် အားလုံးကို အထူးဂရုပြုကြ ဆင်ခြင်ရမှာဖြစ်ပါတယ်...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။