Charlie Charlie ဆိုတဲ့ သရဲခေါ်တဲ့ဂိမ်းဟာအမှန်တကယ်အပြင်မှာ ရှိပါတယ်။ ပျော်စရာလည်းကောင်း သလို ကြောက်စရာ အင်မတန်ကောင်းတဲ့ Gameတစ်ခုပါပဲ။ ဒီဂိမ်းဟာ ဟိုးအရင်ကတည်းက ရှိနေခဲ့တာပဲဖြစ်ပြီးတော့ ဒီနှစ်ပိုင်းတွေမှာမှ လူမှုကွန်ယက်တွေပေါ်မှာခေတ်စားလာခဲ့တာပါ။ ဒီဂိမ်းရဲ့ အားသာတဲ့အချက်က အခြားဂိမ်းတွေလောက်တော့ အန္တရာယ်မများတာပဲဖြစ်ပြီးတော့ သူ့ရဲ့ဂိမ်းစည်းမျဉ်းအတိုင်းလိုက်မလုပ်ဖူးဆိုရင်တော့ အသက်ကို အာမခံမပေးနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ ကြောက်တတ်တဲ့သူတွေ လုံးဝမဆော့သင့်ပါဘူးနော်။

ဒီဂိမ်းကိုဆော့မယ်ဆိုရင် တစ်ယောက်တည်းဆော့တာထက် လူအများနဲ့ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ယောက်တစ်ပေါက်မဟုတ်ဘဲ အားလုံးညီနေဖို့တော့အရေးကြီးပါတယ်။ ပထမဆုံးလိုအပ်တာကတော့ တိတ်ဆိတ်တဲ့အခန်းတစ်ခုထဲမှာ သူငယ်ချင်းတွေနဲ့အတူ စက်ဝိုင်းပုံစံဝိုင်းထိုင်လိုက်ဖို့ပါ။ ပြီးရင် ဗလာစာရွက် ခပ်ကြီးကြီး တစ်ရွက်ကိုယူပြီး အပေါင်းပုံစံ မျဉ်းနှစ်ကြောင်းဆွဲပါ။ ပြီးရင်တော့ Yes, Noဆိုတဲ့ စာလုံးတွေကို ပုံမှာပြထားတဲ့အတိုင်းလိုက်ရေးလိုက်ပါ။ ခဲတံနှစ်ချောင်ကိုလည်း မျဉ်းကြောင်းအတိုင်းပုံမှာ ပြထားသလိုBalanceညီညီလေး တင်ထားရပါမယ်။ နောက်ဆုံးအရေးကြီးတာတစ်ခုက E Skillကောင်းဖို့ပါပဲ။ အင်္ဂလိပ်လို အထစ်အထစ်နဲ့ဆိုရင် Charlieနဲ့ စကားပြောဖို့မလွယ်ပါဘူးနော်။ ဒါကြောင့်မေးချင်တာတွေကို စာရွက်နဲ့ချရေးပြီးမေးလဲ အဆင်ပြေပါတယ်။ ကဲ... အားလုံးပြည့်စုံပြီဆိုရင်တော့ ဂိမ်းကိုစလိုက်ပါ။

" Charlie Charlie, Can we play? "ဆိုတဲ့ စကားနဲ့ စတင်ပြီးခွင့်တောင်းရမှာဖြစ်ပါတယ်။ ခဲတံလှုပ်မလာမချင်း မေးရမှာပဲဖြစ်ပြီးတော့ သေချာတာက ပရိတ်သတ်တို့ သုံးခါထက်ပိုမေးစရာမလိုပါဘူး။ သူရောက်လာမှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့အနီးအနားကိုရောက်နေတဲ့ ဝိဉာဉ်တစ်ခုခုဟာ Charlie အဖြစ်နဲ့ရောက်လာပေးမှာကြောင့်ပဲဖြစ်ပါတယ်။ သူ့ရောက်လာပြီဆိုတာနဲ့ ခဲတံရဲ့ထိပ်လေးဟာ Yesမှာသွားပြမှာပါ။ အဲ့လို ပြလာပြီဆိုရင်တော့ မေးချင်တာတွေကို မေးလို့ရပြီးဖြစ်ပြီး အနာဂတ်မှာဖြစ်ချင်တာတွေနဲ့ သိချင်တာတွေကိုမေးနိုင်ပါတယ်။Charlie ကတော့ Yes,Noအဖြေတွေနဲ့ဖြေပေးနေမှာပဲဖြစ်ပြီး အခြားကိုယ့်ရဲ့ တိမ်းပားသွားတဲ့ဆွေမျိုးသားချင်းတွေအကြောင်းကိုမမေးသင့်သလို တွေ့ဆုံခွင့်လည်းမတောင်းသင့်ပါဘူး။ အရေးကြီးတာက ကိုယ်မေးချင်တာတွေမေးလို့ဝပြီဆိုရင် " Good Bye, Charlie "ဆိုပြီးအဆုံးမှာနှုတ်ဆက်ကာ ပြန်ပို့ရမှာပဲ ဖြစ်ပါတယ်နော်။ ကစားတဲ့နေရာမှာသုံးထားတဲ့ ပစ္စည်းတွေကိုတော့ဖြစ်နိုင်ရင် မီးရှို့ပစ်သင့်ပါတယ်နော်။ ဒီဂိမ်းနဲ့ပတ်သတ်ပြီး အချို့ကတော့ သိပ္ပံပညာရဲ့လှည့်ကွက်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်းဟာ ပျော်စရာလည်းကောင်းမှာဖြစ်သလို ထိတ်လန့်ဖို့ကောင်းတာတွေလည်းကြုံလာနိုင်မှာ မလွဲဧကန်ပါပဲနော်။ ပြီးတော့ ဒီ Charlieဂိမ်းကိုတစ်ယောက်တည်းဆော့ရင်း နာမည်ကျော် Saharaသဲကန္တာရကြီးရှိတဲ့ လစ်ဗျားဘက်မှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့အမှုတွေပုံလို့ နေခဲ့ရတယ်ဆိုတာကိုလည်း ထပ်ဆင့်ပြောပြလိုက်ပါရစေ ချစ်ပရိတ်သတ်တို့ရေ....

Source : YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။