ပရိသတ်ကြီးရေ ဒီတစ်ထါဖော်ပြပေးချင်တာကတော့ စိန်ပေါင်းမြောက်မြားစွာ စီခြယ်ထားပြီး ကမ္ဘာ့စံချိန်ချိုးသွားတဲ့ လက်စွပ်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီလက်စွပ်ကိုတော့ ရတနာပစ္စည်းတွေကို ဒီဇိုင်းဖန်တီးပေးနေတဲ့ Vishal Agarwal နဲ့ Khushbu Agarwal တို့ က ဖန်တီးပြီး ကမ္ဘာ့စံချိန်ကို ချိုးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလက်စွပ်လေးမှာဆိုရင်တော့ စိန်ပေါင်း ၆၆၉၀ ပါဝင်ပြီး ရွှေရောင်နှင်းဆီအရောင်ရှိတဲ့ ကြာပန်းပုံစံ လက်စွပ်ကို ဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလက်စွပ်လေးရဲ့ အလေးချိန်ဟာ ဂေါက်သီး တစ်လုံးရဲ့ အလေးချိန်ထက်ပိုများပြီး ၅၈ ဂရမ် အလေးချိန်ရှိတယ်လို့ လည်း သိရပါတယ်။ ဒီလို တန်ဖိုးကြီး ပစ္စည်းတွေနဲ့ စီခြယ်ထားတဲ့ လက်စွပ်လေးရကြ ဈေးနှုန်းကတော့ ဒေါ်လာ သိန်း၄၀ကျော် တန်ဖိုးရှိတယ်လို့ လည်း သိရပါတယ်။

ယခင်စံချိန်တင်ထားခဲ့တဲ့ လက်စွပ်ကတော့ Savio ကထုတ်လုပ်လိုက်တဲ့ လက်စွပ်ဖြစ်ပြီး စိန် ၃၉၂၇ လုံးနဲ့ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးအတွက်အခုလို ထူးဆန်းတာလေးတွေကို ရှာဖွေတင်ဆက်ပေးအုန်းမှာမို့လို့ စောင့်မျှော် ဖတ်ရှုပေးပါအုန်းနော်။.

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။