ပရိသတ်ကြီး အားလုံးသိကြတဲ့အတိုင်း ဓာတ်ပုံအများစုဟာ Effect တွေ ဘာညာထည့်လိုက်တဲ့အခါမှ ပိုပြီးကြည့်လို့ကောင်းသွားတာဖြစ်ပါတယ်။ လူပုံပဲဖြစ်ဖြစ် သဘာဝပုံပဲဖြစ်ဖြစ် ဘယ်လိုပုံဖြစ်ဖြစ် စနစ်တကျရိုက်ပြီး Effect ထည့်လိုက်ရင် မလှတဲ့ဟာတွေတောင် လှကုန်ပါတယ်...လှတဲ့ဟာတွေကိုလဲ ပိုလှစေပါတယ်။ သို့သော်လဲ ခုပုံတွေအတွက်ကတော့ ဘာ Effect မှမလိုပါဘူး...နဂိုကတည်းက ထူးခြားနေတဲ့ပုံတွေပဲဖြစ်ပါတယ်။ 

Flames At Dinosaur Museum

ပုံပါ ထရိုနိုဆော ဟာဆိုရင် ကြီးမားတဲ့ စက်ရုပ်ကြီးဖြစ်ကာ ပြသနေစဉ်အတွင်း ရှော့ခ်ဖြစ်ပြီး ပုံထဲကလို မီးတွေလောင်ကျွမ်းကုန်တာဖြစ်ပါတယ်။ အဲ့ပုံက သင့်ကို Effect များထည့်ထားသလားဖြစ်စေမှာပါ။

Reflection

နေ့တိုင်းလိုလို အထူးပြုလုပ်ချက်ပုံတွေကို တွေ့ရှိရပေမဲ့ ဒီပုံကတော့မပါခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီပုံက ဘာ Effect မှမပါပဲ နေကရိုက်တဲ့ အလင်းရောင် ပြန်တာပဲဖြစ်ပါတယ်။ အဲ့လိုမျိုး အလင်းတန်းက အဆောက်အအုံတိုင်မပြန်ပါဘူး..နောက်ကအဆောက်အအုံရဲ့ တစ်ခုခုကြောင့် တာဖြစ်ပါတယ်။

Bird View

လူသားတွေဟာ နေ့တိုင်လိုလို မကြာခဏ ငှက်လေဆင်နှာမောင်ကို တွေ့ဖူးကြမှာမဟုတ်ပါဘူး။ဓာတ်ပုံဆရာကတော့ မှန်မှန်ကန်ကန် ကွက်တိရိုက်နိုင်ခဲ့ပါတယ်။

Library In China

လူတွေက စာကြည်တိုက်ဆို ပျင်းကြပါတယ်...သွားဖို့လဲ လူသိပ်မရှိကြပါဘူး။ ဒီစာကြည့်တိုက်ကတော့ သရုပ်ကစာကြည်တိုက်ဖြစ်ပြီး အသွင်အပြင်တွေကသာမန်စာကြည်တိုက်နဲ့မတူတာကို ပရိသတ်ကြီးလဲ သိမှာပါ။ စာကြည်တိုက်က ပျင်းဖို့ကောင်းနေသေးလား.....။

This Amazing Cloud

သင်အနေနဲ့ တိမ်ထဲမှာ မတူညီတဲ့ အလင်းရောင်တွေနဲ့ တိမ်ကို မတွေ့ဖူးလောက်ပါဘူး....ဒါပေမဲ့ ဒီတိမ်ကတော့ USA မှာ မိုးကြိုးမုန်းတိုင်ဖြစ်ပြီးနောက်ပေါ်လာတဲ့ တိမ်ဖြစ်ပါတယ်။

Big Ball

Florida က Miami ကမ်းခြေရဲ့အနီးအနားတစ်နေရာက ပြုလုပ်ထားတဲ့ တိုက်နှစ်လုံးကြား အလုံးကြီးတစ်လုံးဖြစ်ပါတယ်။ သင့်ကို အံ့သြသင့်စေတယ်မလား.....။

Natural Calamities

ဒီပုံကတော့ သင့်ကို အံ့သြသင့်စေနေမှာပါပဲ....ငလျင်ဖြစ်ပြီးနောက် ပြိုလဲကျတော့မဲ့ ထိုင်ဝမ်က တိုက်ကြီးကို အောက်ကတိုင်တွေနဲ့ ထောက်ခံထားတာကို တွေ့လိုက်ရတဲ့အတွက်လေ။

Green Weather

သင့်အနေနဲ့ ဒါကို အတုတစ်ခုလို့ထင်နိုင်ပါတယ်...ဒါပေမဲ့ ဒါဟာ တကယ်နေရာက တကယ်ပုံပါ။ ရာသီအခြေအနေနေဲ့ အကြောင်းတစ်ခုခုကြောင့် စိမ်းနေတာပဲဖြစ်ပြီး သင့်ကို အံ့သြစေတယ်မလား။

Dinosaur's Print

ဒိုင်နိုဆောတွေ မျိုးသုန်းသွားပြီးဆိုတာကို လူတိုင်းသိပါတယ်...ဒါပေမဲ့ ဒီပုံကိုကြည့်ပြီး တွေးကြည့်မိတာက ဒိုင်နိုဆောတွေ မရှိတော့တာ သေချာပြီလား ဆိုတာပါပဲ။ 

White Deer

အဖြူရောင် သမင်ဆိုတာ မြင်တွေ့ဖို့ ခတ်ခဲပါတယ်...တောသတ္တဝါတွေကို ရိုက်တဲ့ ဓာတ်ပုံဆရာတွေတောင် တွေ့ရှိဖို့ ခတ်ခဲပါတယ်။ ဒီပုံကတော့ Wisconsin မှာတွေ့ရှိခဲ့ရတဲ့ သမင်ဖြူတစ်ကောင်ပဲဖြစ်ပါတယ်။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။