လူတော်တော်များများဟာ ကားပါကင်းထိုးမရတဲ့နေရာမှာ ထိုးကြတာကို တွေ့ဖူးကြမှာပါ။ အဲ့လိုသူတွေတွေ ပြန်ပြီးပညာပေးဖို့ဆိုတာကလဲ မလွယ်ပါဘူး။ ဘာလို့ဆို သူတို့ကားကို ထိခိုက်အောင် လုပ်မရလို့ပါ...ဒါပေမဲ့လဲ ဒီလူတွေကတော့ ပညာသားပါပါ ပညာပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Shopping Cart

ဈေးတွန်းလှည်းတွေက အဲ့လောက် အသုံးဝင်မယ်မှန်း မသိခဲ့ပါဘူး။ တော်တော်ကျေနပ်စရာပါပဲ။

Mayor Giving Great Message

ဒီပုံကတော့ ပရိသတ်ကြီးလဲ သိကြမှာပါ....မြို့တော်ဝန်က ကားတစ်စီး ပါကင်းထိုးရာနေရာမှာ ထိုးထားတာတွေ့လို့ ခုလို ကားနဲ့ တက်ကြိတ်ခဲ့တာပါပဲ။

Great Revenge

ကားကိုခုလိုကာဖို့အတွက် အမှိုက်ပုံတွေလိုက်စုတဲ့သူကိုတော့ လေးစားပါတယ်။ ဘယ်နေရာလာပြီး ရပ်လဲမှမသိတာ။

Merry Go Around

ကားပိုင်ရှင်အတွက်တော့ စိတ်မကောင်းစရာပါပဲ။

Superb Parking

ကားပိုင်ရှင်ကတော့ အဲ့ကားကို ပြန်ထုတ်ဖို့ တော်တော်ခတ်ခဲနေတော့မှာပဲ...အခုလိုမျိုး ပညာပြလိုက်တဲ့သူတွေကိုတော့ ဂုဏ်ပြုပါတယ်။

Plastic All The Way

ကားပါကင်းဆိုတော့ ပါကင်းပိတ်ပေးလိုက်တာလေ...ပလက်စတစ်နဲ့။

Dump yard

ကားမထိုးသင့်တဲ့နေရာမှာ ကားထိုးလို့ ရိုးရိုးရှင်းရှင်းပဲ အရှေ့အနောက် အမှိုက်ပုံနဲ့ ကာလိုက်တာ ကောင်းပါတယ်။

We Got The Message

ဒါကတော့ အကောင်းဆုံး ပညာပေးလိုက်တာပါပဲ။ ဘာမှမလုပ်ဘူး အမှာစာလေးပဲထားခဲ့တယ်။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။