အာစီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်းကတော့ ဒီနေ့မှာအုပ်စုအဖွင့်ပွဲကိုယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ နေ့လည်၂:၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းဟာ အာစီယံပြိုင်ပွဲတွေမှာ ရလဒ်ကောင်းအောင်စွမ်းဆောင်နိုင်တဲ့အသင်းပဲဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေအများကြီးလုပ်ထားတာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီနှစ်အတွင်းကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတာကြောင့်ခုပြိုင်ပွဲမှာလည်း ရလဒ်ကောင်းဖို့မျှော်လင့်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဗီယက်နမ်အသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီအုပ်စုမှာတော့ ဗီယက်နမ်အသင်းကိုသာအဓိကယှဉ်ပြိုင်ကစားရဖွယ်ရှိနေတာပါ။ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်းတို့တွေ့ဆုံမှုတိုင်းမှာပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိတာဖြစ်ပါတယ်။ပရိသတ်တွေလည်းအဖွင့်ပွဲကစပြီး ရလဒ်ကောင်းတွေယူနိုင်ဖို့ ကြိုးစားရမယ့် မြန်မာ့အမျိုးသမီးအသင်းရဲ့အဖွင့်ပွဲကိုလည်းအားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။