ငှက်ဖျားရောဂါ "Malaria" သည်ခြင်မှရသော ကူးစက်ရောဂါဖြစ်ပြီး ပလပ်စမိုးဒီးယမ်းမျိုးစု၏ ယူကေရာ့တစ်၊ ပရုတစ်ကြောင့် ရောဂါဖြစ်ရပါတယ်....။ အမေရိကတိုက်၏ နိုင်ငံအချို့ (၂၂)နိုင်ငံ၊ အာရှိတိုက်နှင့် အာဖရိကတိုက်များတွင် အပူပိုင်းနှင့် အနွေးပိုင်းဒေသများတွင် ငှက်ဖျားရောဂါပြန့်ပွားလျက်ရှိပါတယ်....။ နှစ်စဉ်နှစ်တိုင်း စစ်တမ်းကောက်ချက်အရ ငှက်ဖျားရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်သန်းမှ သုံးသန်းကြားတွင်ရှိပါတယ်....။ သေဆုံးသူအများစုမှာ အာဖရိကတိုက် ဆာဟာရဒေသငယ်အတွင်းမှ နေထိုင်သော ကလေးငယ်များသာဖြစ်ပါတယ်...။

"ပလပ်စမိုးဒီးယမ်နိုလက်ဆီ"ဆိုတာက တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သည့် မျိုးစိတ်ဖြစ်ရာ မျောက်များတွင် ငှက်ဖျားရောဂါဖြစ်စေပြီး လူကိုပါကူးစက်စေတာပဲဖြစ်ပါတယ်....။ ငှက်ဖျားရောဂါသည် သဘာဝအားဖြင့် ခြင်မကိုက်၍ ရောဂါရရှိခြင်းဖြစ်ပါတယ်....။ ငှက်ဖျား ရောဂါရှိသူကို ခြင်ကိုက်သည့်အခါ ခြင်စုပ်ယူလိုက်သည့် သွေးပမာဏအနည်းငယ်တွင် ငှက်ဖျားကပ်ပါးပိုးပါရှိသွားပါတယ်....။ ထိုရောဂါပိုးသည် ခြင်ထဲတွင် ဆက်လက်ကြီးထွားနေပြီး၊ နောက်တစ်ပတ်အကြာ သွေးဆာ၍ အခြားရောဂါမရှိသူ အားကိုက်လိုက်သည့်အခါ ခြင်၏တံတွေးမှတစ်ဆင့် ရောဂါပိုးဝင်ရောက်သွားပါတယ်...။ ထိုသို့ရောဂါပိုးဝင်ရောက်လာတဲ့အခါမှာ ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများဖြစ်လာပြီး....ရောဂါပြင်းထန်သည့်အခါတွင် အခြေအနေဆိုးဝါးလာပြီး မေ့မျောခြင်းနှင့် သေဆုံးသည်အထိပါဖြစ်လာနိုင်ပါတယ်....။

ပြင်းထန်သည့်ငှက်ဖျားရောဂါသည် ပုံမှန်အားဖြင့် ရောဂါပိုးဝင်ရောက်ပြီး ၆-၁၄ ရက်အကြာမှ ရောဂါလက္ခဏာဖြစ်ပေါ်လာပါတယ်...။ အကယ်၍ ဆေးမကုသဘဲ ထားခဲ့လျှင် ဆိုးဝါးပြင်းထန်သော ငှက်ဖျားရောဂါနောက်ဆက်တွဲအနေဖြင့် မေ့မျောခြင်းနှင့် သေဆုံးသည်အထိဖြစ်လာနိုင်ပါတယ်...။ အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ပိုမိုစိုးရိမ်ရပါတယ်...။ ငှက်ဖျားရောဂါကြောင့် သရက်ရွက်ကြီးခြင်း၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း ၊ ဦးနှောက်သို့ သွေးမရောက်ခြင်း၊ အသည်းကြီးခြင်း၊ သွေးတွင်းအချိုဓာတ်နည်းခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ပဲဖြစ်ပါတယ်...။ အပြင်းစား ငှက်ဖျားရောဂါသည် လျင်မြန်စွာဖြစ်လာပြီး နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း သေဆုံးသည်အထိဖြစ်လာနိုင်ပါတယ်နော်...။ ငှက်များရောဂါ တိုက်ဖျက်ရေးအတွက် အခြားလက်နက် ကောင်းတစ်ခုမှာ ကျောက်ရောဂါ၊ တီဘီရောဂါတို့ကဲ့သို့ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ဖြစ်ပါတယ်...။ ငှက်ဖျားရောဂါသည် ရောဂါပိုးတစ်မျိုးတည်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သော်လည်း ရောဂါအဆင့် အမျိုးမျိုးတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရပ်တည်လျက် ရှိပါတယ်...။ အဓိကအားဖြင့် အဆင့်သုံးဆင့်ရှိပြီး ထိုအဆင့်သုံးဆင့်စလုံးကို အကာအကွယ်ပေးနိုင်မည့်ဆေး ဖန်တီးပေးရမှာဖြစ်ပါတယ်...။ ငှက်ဖျားရောဂါ ကာကွယ်ရန် ဆေးမှာ အခြားရောဂါများကဲ့သို့ ထုတ်လုပ်ရန် မလွယ်သော်လည်း မကြာခင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်....။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။