တေးသီချင်းများစွာကိုအသံချိုချိုလေးနဲ့သီဆိုတတ်သူလေးကတော့ အဆိုတော်မီးမီးခဲပဲ ဖြစ်ပါတယ်။ သူမရဲ့သီချင်းများစွာကလည်း ပရိသတ်တွေရင်ထဲမှာ ယနေ့ထိနေရာယူထားဆဲပဲ ဖြစ်ပါတယ်။ မီးမီးခဲဟာ ချစ်စရာကောင်းတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ 

မီးမီးခဲရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မနေ့ညက သူမခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ " ဒီနေ့ဟာ ကျေးဇူးတော် ချီးမွမ်းမိတဲ့နေ့ပါ

၃လတခါပုံမှန် စစ်ဆေး ချိန်ကျရောက်လို့အဖြေနားထောင်ချိန် ရင်တွေမော ခဲ့ပေမဲ့ ကောင်းမွန်တဲ့ အဖြေကို လက်ခံရရှိခဲ့ပါတယ်

၂၀၁၇ မှာ ရင်သာကင်ဆာ အဆင့် ၄ ခံစားရသူဖြစ်ပြီး ဆေးနဲ့ထိန်းချုပ်ကုသနေစဉ်မှာပဲ ၂၀၁၉ April မှာ ကင်ဆာ အသစ်တခု ကျွန်မရဲ့နောက်ဘက်ဦးခေါင်း နဲ့ညာဘက်ဦးခွံ တို့မှာ ပြန်ပေါ်လာခဲ့ပါတယ်

အဲ့ဒီနေရာတွေကို ဓါတ်ရောင်ခြည်ကုသနည်းနဲ့ကုသခဲ့ရပြီး ဒီနေ့ဟာတော့ဖြင့် အဖြေ နားထောင်ရတဲ့နေ့ဖြစ်ပါတယ်

ခန္ဒာတခုလုံး မှာ ကောင်းတဲ့အဖြေ ကို ရရှိ ခဲ့သလို စိတ်အပူရဆုံး ဦးခေါင်းပြသာနာမှာလဲ Healing အဖြေကို ရရှိခဲ့ပါတယ်

အသိနောက်ကျခဲ့လို့သေတဲ့အထိ ကျွန်မကိုယ်ထဲမှာရှိနေမယ်လို့ဆရာဝန်တွေပြောကြပေမဲ့လဲ ကျွန်မကတော့ ကျန်းမာသူဖြစ်ကြောင်းနေ့ရက်တိုင်းဝနိခံအသက်ရှင်နေခဲ့ပါတယ်

စိတ်ဓါတ်ကျခဲ့မယ်ဆိုရင် ကျွန်မဟာ လောကကြီးထဲကနေ ထွက်သွားခဲ့ရတာကြာပါပြီ ဘုရားပေးတဲ့အသက်နဲ့ သူပေးတဲ့ခွန်အားကြောင့်သာ ဒီနေ့ဒီအချိန်ထိ လူကောင်းအတိုင်းစားသောက်နေထိုင် နိုင်တာပါ

ငြိမ်သက်ပျော်ရွှင်ခြင်းကိုလဲ နေ့ရက်တိုင်းခံစားခဲ့ရပါတယ်။

နိုင်ငံနဲ့ဆရာဝန်တွေဘယ်လို ပဲကောင်းပေမဲ့ ကိုယ်တိုငိက စိတ်ဓါတ်မကျပဲ ဘဝရဲ့တန်ဖိုး နဲ့အသက်ရှင်ခြင်းရဲ့အဓိပ္ပါယ်ကို သိရှိခဲ့လို အခုလို ကျန်းမာ တဲ့အဖြေ ရလဒ်ကို ရရှိခဲ့တာဖြစ်ကြောင်း သက်သေခံဝေမျှချင်ပါတယ်

ရပ်ဝေးရပ်နီး ဆုတောင်းပေးကြသော ဆရာများ ဆရာမများ ,အမေ နဲ့မိသားစု အမျိုးများ ,မိတ်ဆွေ သူငယ်ချင်းများနဲ့ပရိတ်သတ်များကိုလဲ အထူးကျေးဇူးတငိပါတယ်

ဆက်လက်ဆုတောင်းခြင်းအားဖြင့်သတိရပေးပါလို့

To God Be The Glory

#MeeMeeKhel#BythegraceofGOD#15Aug2019 " ဆိုပြီး ရေးသားထားတာပါ။

Source- The Real Mee Mee Khel 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။