ရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ Sexy မော်လ်ဒယ် မင်းသမီးချောဖြစ်တဲ့ နန်းသီရိမောင်ကလည်း အပါအဝင်ပါပဲ..။

အချိုးအစားကျပြီး ညို့အားပြင်းတဲ့ ခန္ဓာကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မော်လ်ဒယ် နန်းသီရိမောင်ကတော့ ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်နော်..။


အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို သူမရဲ့ မိသားစုအကြောင်းလေးနဲ့ မိခင်ဖြစ်သူနဲ့ သူမကြားက ကြည်နူးစရာ အကြောင်းလေးတွေကိုလည်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

ဖခငဖြစ်သူကွယ်လွန်ပြီးနောက်ပိုင်း ခြေသဲလက်သဲ အညှပ်မခံတော့တဲ့ မေမေက နှစ်တွေကြာပြီးနောက် ဒီနေ့လေးမှာတော့ ထူးထူးဆန်းဆန်း ပြန်အညှပ်ခံတာမို့ မျက်ရည်တောင် လည်မိတဲ့ အကြောင်းလေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်..။


နန်းသီရိမောင်ကတော့ မေမေနဲ့အတူ ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ “ဒီနေ့ မယ့်မယ့်ကို ခြေသဲ လက်သဲ လေးတွေ သန့်ရှင်းရေးလုပ် ခြေဖဝါးလေး ဆားနဲ့ ပွတ်ပီး နိပ်ပေး

မာမီကြိုက်တဲ့ ပန်းရောင်အရောင်

လေး ဆိုးပေးလတ်ထာပျော်နေရှာတယ်..ငယ်ငယ်လေးထဲက ပါးပါးမဆုံးခင်အချိန်ထိ မိဘနှစ်ပါးလက်သဲခြေသဲ ကိုယ်ပဲ ညှပ်ပေးသန့်ရှင်းရေးလုပ်ပေးခဲ့တာလေးတွေ ပြန်တွေးမိတိုင်း ကြည်နှူးမိတယ်..ပါးပါးဆုံးပီးထဲက မယ့်လဲ လက်သဲအညှပ်မခံတော့ဘူး သွသူ spa တွေသွား အပြင်မှာပဲညှပ်တော့တယ်..ဒီနေ့ ထူးထူးဆန်းဆန်း ပြန်အညှပ်ခံတယ်..ပါးပါးဆုံးပီးထဲက ဆိုတော့ နှစ်တွေအတော်ကြာသွားခဲ့ပြီ သူ့ကိုအထိမခံတာ..မျက်ရည်တောင် လည်မိတယ် ဒီနေ့..မယ့်က ချစ်လားမေးရင် ခုထိ ပါးပါးကို ပဲ ချစ်တယ်ပဲ ဖြေနေတုံးပါပဲဆို..ဒါပေမဲ့

အရမ်းအမှတ်တရ နေ့လေးပါပဲ

တစ်ခုပြောမလို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီးဆုံးဖြတ် ချက် ချပြီး သေချာကျင့်သုံးခဲ့တာလေးတစ်ခု ရှိတယ်.. မိဘနဲ့ စကားပြောရင် အချိန်ပေးသေချာဂရုတစိုက် နားထောင် ပြီး

နွေးနွေးထွေးထွေးလေးနေပေးပြောပေးခဲ့တယ်.. ဖုန်းလာရင်က အစ မအားလဲ စိတ်ရှည်ရှည် နဲ့ ၅ ခွန်းဆိုလဲ ချိုချိုသာသာ ပြန်ပြောပေးဖြစ်တယ်..အရင်က မတည့်ဘူး သိပ်ပြီး..အခု က မေတ္တာရောင်ပြန်ဟပ်တာနေမှာပါလေ

မယ့်မယ့်ကို မချစ်ဘူးး လုံးဝ ဟား ဟား ဟားးး..” ဆိုပြီး ကြည်နူးစွာ ရေးသားပြောပြထားပြီး အမှတ်တရလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - နန်းသီရိမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။