ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောတစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ တစ်ခေတ်တစ်ခါတည်းက ပရိသတ်တွေရဲ့ရင်ကိုစိုးမိုးနိုင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း လှနေမြဲ ချောနေဆဲဖြစ်တဲ့ မြတ်ကေသီအောင်က အောင်မြင်မှုတွေနဲ့ရပ်တည်နေဆဲပါနော်။တစ်ကိုယ်တည်းဘဝနဲ့ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတဲ့ မြတ်ကေသီအောင်ကတော့ အခုဆိုရင် အချစ်အကြောင်းလေးကိုအောက်ပါအတိုင်းရေးဖွဲ့သီကုံးထားပါတယ်နော်။

"အချစ်ဟောင်း...တချိန်က သဲသဲလှုပ်ချစ်ပြခဲ့တဲ့သူ ခုတော့မမြင်ဖူးတဲ့ လူတွေပေါ့.ကိုယ်မရှိရင် မနေတတ်ပါဘူးလို့ ပြောဖူးပေမဲ့လည်း ကိုယ်မဟုတ်တဲ့သူတယောက်နဲ့ ပျော်နေတတ်သွားပြီ.ကိုယ့်အပြုံးတွေ တွေ့တိုင်းရင်ခုန်တတ်ခဲ့တဲ့နှလုံးခုန်သံဟာ နောက်ပိုင်းမှာ ကိုယ့်မြင်ရင် လာများနှုတ်ဆက်ရင်ဒုက္ခဆိုတဲ့ စိုးရိမ်တဲ့နှလုံးခုန်သံဖြစ်သွားပြီ.သူငယ်ချင်းတွေကြားမှာ ကိုယ့်ချစ်သူလေလို့ အမြဲဂုဏ်ယူတတ်ခဲ့တဲ့သူ့ရဲ့ ကြွားလုံးတွေက ခုတော့မြင်ရင်ခေါ်ရမှာဆိုးလို့ ကျောပေးရပ်နေတတ်ပြီ.ကိုယ့်နားမှာရှိတုန်းက အချွဲအညုပြောတတ်ခဲ့တဲ့ သူဟာ မထင်မှတ်ပဲပြန်ဆုံချိန်မှာတော့ ကျောင်းတုန်းက တပည့်တယောက်ကိုတွေ့လို့ ပြောသလိုလေသံပြတ်နဲ့ပြောတတ်နေပြီ.

မင်းကလွဲရင် ကိုယ်အသက်ရှင်နေသမျှ ဘယ်မိန်းမမှ ချစ်မိမှာမဟုတ်ဘူးဆိုတုန်းကသိပ်ချစ်တတ်တဲ့သူပါလားလို့ အမှတ်တွေအများကြီးပေးမိတဲ့ကိုယ်ဟာသူငယ်ချင်းတွေမိတ်ဆက်ပေးတဲ့ မိန်းမတိုင်းသူစိတ်ဝင်စားနေတာမသိခဲ့ပြန်ဘူး.မင်းကိုမှမရရင် ကိုယ်တသက်လုံး မိန်းမမယူပဲ အဝေးကနေပဲချစ်နေပါရစေဆိုတဲ့စကားကြောင့် သူ့ကို ကိုယ်အမြဲစိတ်ပူနေခဲ့ပေမဲ့ ပျော်ရွှင်စွာ မိသားစုဘဝလေးနဲ့ လမ်းလျောက်လာတဲ့ သူ့ကိုမြင်လိုက်ရတဲ့အခါမှာတော့.အော်.......အချစ်ဟောင်းဆိုတာ ပလီစိခြောက်ချက် မဟုတ်မဟတ်တွေလည်းပြောတတ်ပါလားလို့ တွေးရင်.......ခပ်မဲ့မဲ့လေးပြုံးမိပြန်တယ်"ဆိုပြီး ကဗျာဆန်ဆန်နဲ့အတွေးလေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Myat Kay Thi Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။