ပြည်မြို့တွင် ၃ နှစ် အရွယ်သမီးကို ခင်ပွန်းဟောင်းထံ ခေတ္တအပ်ထားရာမှ ခင်ပွန်းဟောင်းက အဓမ္မပြုကျင့်......

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ၃

နှစ်သမီးရွယ်ကလေးငယ်လေးအား မဖွယ်မရာ ကျူးလွန်သူ ၅၆ နှစ် အရွယ် အမျိုးသားအား အောက်တိုဘာ(၃)ရက်နေ့ကဖမ်ဆီးစစ်ဆေးကာ အဓမ္မပြုကျင့်မှု ပုဒ်မ အပါအဝင်ပုဒ်မ (၃)ခုဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“အဲဒီအမျိုးသမီးက ညစျေးတန်းကိုသွားတာ။ ကလေးကိုနေပူမှာစိုးလို့အသိအကျွမ်းဖြစ်တဲ့အရင် ယောကျာင်္း ဟောင်းဆီမှာ ခဏအပ်ထားခဲ့တာ အဲဒီလိုအကျူးလွန်ခံလိုက်ရတာပဲ။”ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ

တာဝန်ကျရဲအရာရှိကပြောသည်။

သုံးနှစ်သမီး၏ မိခင်ဖြစ်သူမှာ အောက်တိုဘာ(၃)ရက် နေ့လည်ပိုင်းကပြည်မြို့ရွာဘဲရပ်ကွက်မှ ညစျေးတန်းသို့ ပိုက်ဆံချေးရန်အသွားလမ်းခုလတ်ဖြစ်သော ဖက်တန်းစျေးရှိ ယခင် (၅)နှစ်က တရားဝင်ကွာရှင်း ပြတ်စဲထား သော အသိအကျွမ်းဖြစ်သူ ၅၆ နှစ်အရွယ်ယောကျာင်္းဟောင်းထံတွင် ကလေး နေပူမည်စိုးသဖြင့် ညစျေးတန်းဘက်သို့ ခေါ်မသွားလို၍ အပ်ထားခဲ့ရာ

စျေးမှအပြန်သမီးလေးအား ပြန်ခေါ်လာ၍ ညနေပိုင်းသမီးအား ရေချိုးပေးရာမှ သမီးလေးကိုယ်တွင် ဒဏ်ရာအချို့တွေ့ရှိရပြီး သမီးကိုမေးမြန်းရာ ထိုအဖြစ်ကို စတင်သိရှိခဲ့ပြီး

ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ၅၆ နှစ်အရွယ် ဦးကျော်တင့်အား (ပ)၂၁၅၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၇၇၊ ၅၁၁ တို့ဖြင့် ဖမ်းဆီးစစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

ထိုသတင်းအချက်အလက်များအရ မိဘများအနေဖြင့် မည်သူ တစ်ဦးတစ်ယောက်ကိုမှ လွယ်လွယ်နှင့် မယုံကြည်သင့်ကြောင်းနှင့် မိမိမွေးလျှင် မိမိ၏သမီးအရွယ်လောက်ပင်ရှိသော ကလေးကိုထိုသို့ပြုမူခဲ့သော လုပ်ရပ်သည် စက်ဆုတ် ဖွယ်ကောင်းလှပါကြောင်း....

#Facebook အသုံးပြုသူတစ်ဦးမှသိရှိရ....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။