တိုင်းရင်းသူလေးဖြစ်ပြီး "ကျွန်မကမဟေသီ" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ စံမြန်းနေရာကနေသရုပ်ဆောင်ခဲ့တဲ့ Mrtv-4 မင်းသမီးချောဝင့်ယမုံနိုင်ကို သိကြမှာပါ...။ သူမဟာဆိုရင် ချစ်ဖို့ကောင်းပြီး အပြောချိုတဲ့အတွက်ကြောင့် အမျိုးသားပရိသတ်တွေသာမက၊ အမျိူးသမီးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်...။ သူမဟာဆိုရင် မြန်မာဝတ်စုံလေးတွေကိုဝတ်ဆင်လေ့ရှိပြီး ရိုးယဉ်စွာ လှပနေတာဖြစ်ပါတယ်....။ ဝင့်ယမုံနိုင်က ခေတ်လူငယ်ပီပီ ဒီဇိုင်းအဆန်းလေးတွေကိုလည်း ဆင်မြန်းလေ့ရှိပါတယ်....။

ဝင့်ယမုံနိုင်က အသစ်သစ်သော အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး ကြော်ငြာမဂ္ဂဇင်းနဲ့၊ photo shooting တွေကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ ဝင့်ယမုံနိုင်ရဲ့ အချစ်ရေးဟာတည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဘဝကြီးကိုဖြတ်သန်းနေတာဖြစ်ပါတယ်...။ ဝင့်ယမုံနိုင်က ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားအမှတ်တရပုံရိပ်တွေကိုလည်း ရိုက်ကူးခဲ့တာပါ...။ ဝင့်ယမုံနိုင်က tik tok ဗီဒီယိုဖိုင်လေးတွေကိုပြုလုပ်ဖန်တီးပြီး တင်ဆက်ပြသခဲ့တာဖြစ်ပါတယ်...။

ဝင့်ယမုံနိုင်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိူးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း "ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အဖြူစင်ဆုံးပြုံးပြနိုင်အောင် ကျင့်ယူပါ ....ခွှင့်လွှတ်ခြင်း ဥပေက္ခာပြုခြင်းဖြင့် အနိုင်ယူပါ"ဆိုတဲ့ မှတ်သားဖွယ်စာသားလေးနဲ့အတူ အလှပုံရိပ်တွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Wint Yamone Naing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။