ချစ်ပရိတ်သတ်တို့ရေ... အရည်အချင်းရှိတဲ့ မိတ်ကပ်ပညာရှင်လေးလည်းဖြစ်သလို အနုပညာလမ်းကြောင်းပေါ်မှာ ပရိတ်သတ်တွေပေတဲ့နေရာလေးတစ်နေရာကိုရရှိထားတဲ့ ဟန်နာယူရီဟာ လတ်တလောမှာ ရေပန်းစား အားပေးခြင်းခံနေရတဲ့မော်ဒယ်မလေးတစ်ယောက်ပါပဲနော်။ အရမ်းလှတဲ့ ကပြားမလေးဖြစ်တာကြောင့် ဖြူဝင်းကြည်လင်တဲ့ အသားအရေလေးကိုပိုင်ဆိုင်ထားပြီးတော့ ကိုရီးယားသူလေးတစ်ယောက်လို့တောင်အထင်မှားသွားရလောက်တဲ့ မျက်နှာလှလှလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။

အနုပညာကိုလည်း ဝါသနာပါသူဖြစ်တဲ့အတွက် တနယ်ခြားကနေ ဒီအထိလာပြီး သူမဝါသနာပါတဲ့ အနုပညာကိုဖက်တွယ်ရင်း ဒီအနုပညာလောကထဲမှာ အောင်မြင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်နော်။ သူမရဲ့အခြားသော ဝါသနာတစ်ခုဖြစ်တဲ့ Make-up Artနဲ့လည်း ပါရမီအထုံပါသူလေးဖြစ်တဲ့အတွက် မိတ်ကပ်ပိုင်းမှာ နာမည်အတော်ရနေပြီဖြစ်တဲ့ ဆရာမလေးတစ်ယောက်ဖြစ်လို့နေခဲ့ပါပြီနော်။

သူမဟာ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိတ်သတ်တွေကိုမျှဝေပေးလေ့ရှိပါတယ်နော်။ အခုတစ်ခါမှာလည်း တကယ့်ကိုရီးယားသူလေးအလား အလှသွေးကြွယ်နေတဲ့ဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုစာမျက်နှာပေါ်မှာတင်ပေးထားခဲ့ပါတယ်နော်။အသက်ဝင်နေတဲ့ကြွေရုပ်လေးလို့ထင်မှတ်မှားရလောက်အောင် ချစ်စရာကောင်းလွန်းတဲ့သူမဟာ အသည်းယားစရာကောင်းတဲ့အမူအရာလေးတွေလုပ်ပြီး ပုရိသတွေရဲ့ ရင်ခုန်သံတွေကို စည်းချက်မညီဖြစ်စေခဲ့ပါတယ်နော်။ ကဲ... ချစ်စရာကောင်းလွန်းလို့နှစ်ခါပြန်တောင်ကြည့်ချင်သွားရလောက်မယ့် ဟန်နာယူရီရဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source: Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။