အနုပညာရှင်တွေထဲမှာ ချစ်စရာသားနဲ့သမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချောရတနာကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ အနုပညာလောကထဲက အနားယူခဲ့ပေမယ့် လက်ရှိအထိအားပေးချစ်ခင်သူတွေများစွာရှိနေပြီး သူ့ရဲ့ တစ်နေ့တာလှုပ်ရှားမှုလေးတွေကိုလည်း အစဉ်အမြဲစောင့်ကြည့်နေကြတာတွေ့ရပါတယ်။ ချောရတနာကတော့ သားနဲ့သမီးရဲ့ ပုံရိပ်လေးတွေ ချစ်စရာအမှုအရာလေးတွေကို မကြာခဏပြသလေ့ရှိတာကြောင့် လက်ရှိပရိသတ်တွေရဲ့ အချစ်တော်လေးတွေလည်း ဖြစ်နေပါတယ်။  

ဒီကနေ့ မှာလည်း ချောရတနာကတော့ သားနဲ့ သမီးနှစ်ယောက်တူ ရေဒီယိုမှလာတဲ့ သီချင်းလေးကို လိုက်ဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ သားဖြစ်သူကို ကျောင်းကြိုရင်း ကားပေါ်မှာရိုက်ကူးထားတာဖြစ်ပြီး သားနဲ့သမီးရဲ့ ချစ်စရာအမှုအရာလေးတွေကို ပြသခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ သီချင်းလေးကတော့ "အပြည်ပြည်ဆိုင်ရာ အသည်းကွဲနေ့" သီချင်းလေးပဲဖြစ်ပြီး ပရိသတ်တွေကြားမှာလည်း ယနေ့အထိစွဲထင်နေတဲ့ သီချင်းလေးပဲစြဖ်ပါတယ်။ ချောရတနာရဲ့ အချစ်တော် သားနဲ့ သမီးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သီချင်းဆိုမှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - Chaw Yadanar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။