ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ မော်လ်ဒယ် သရုပ်ဆောင်တွေအဖြစ် အားလုံးရဲ့ အသည်းတွေကို ခြွေယူထားကြသူတွေကတော့ မင်းသားချောလေးညိမ်းသော်နဲ့ မင်းသမီးချောလေး မေမြင့်မိုရ်တို့ပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေကိုယ်စီရရှိထားကြတဲ့ သူတို့နှစ်ယောက်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေတာ တွေ့ရပါတယ်နော်..။


ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေအပြင် ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေတဲ့ ပြည်သူ့အသည်းကျော်လေးနှစ်ယောက်ကတော့ အခုတစ်ခါမှာ နန်းဆန်တဲ့ ချစ်သူစုံတွဲလေးအဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။

ဒီဇိုင်နာကောင်းမြတ်ရဲ့ ကျော့ရှင်းပြီး နန်းဆန်လွန်းတဲ့ ဖက်ရှင်လေးတွေနဲ့ စုံတွဲလေးအဖြစ် ကြော်ငြာဓာတ်ပုံလေးတွေ ရိုက်ကူးပေးထားတာဖြစ်ပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို တကယ်ကိုပဲ သဘောကျနေစမှာပါနော်..။


ရှေးခေတ်က တည်ငြိမ်ရင့်ကျက်ပြီး ယောင်္ကျားပီသတဲ့ လုလင်ပျိုလေးတစ်ယောက်ရဲ့ အသွင်နဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး အိန္ဒြေရှိရှိနဲ့ ကျော့ရှင်းစွာ လှသွေးကြွယ်နေတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ အသွင်လေးတွေနဲ့ သူတို့နှစ်ယောက်ကိုတော့ ကြီးကျယ်မြင့်မြတ်တဲ့ ရာဇဝင်ထဲက ချစ်သူစုံတွဲလေးအဖြစ် ခမ်းနားစွာမြင်တွေ့ရမှာပါနော်..။

နန်းဆန်ပြီး လိုက်ဖက်ညီလွန်းနေကြတဲ့ ညိမ်းသော်နဲ့ မေမြင့်မိုရ်တို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ ရှေးခေတ်ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Photo - ဒီဇိုင်နာကောင်းမြတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။