မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရခဲ့ပြီဟုသတင်းတွေထွက်နေတဲ့ ဂျုဗင်တိုက်စစ်မှူးဒိုင်ဘာလာရဲ့အပြောင်းအရွေ့ကတော့ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။ပေါင်းသန်း၈၀နဲ့ခေါ်ယူဖို့သဘောတူမှုရခဲ့ပေမယ့် အပြီးသတ်ဆွေးနွေးမှုတွေလုပ်ပြီးနောက်ပိုင်းမှာတော့ ခေါ်ယူဖို့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ဂျူဗင်တပ် တိုက်စစ်မှူး ဒိုင်ဘာလာနဲ့ မန်ယူအသင်းရဲ့ အပြောင်းရွှေ ပျယ်ပြည်ခဲ့တဲ့ အပေါ် တိုက်စစ်မှူး ဒိုင်ဘာလာကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒိုင်ဘာလားဟာ ယူနိုက်တက်အသင်းအသင်းမှာ ကစားနိုင်တဲ့ ထိုက်တန်တဲ့ ခြေစွမ်း မရှိတော့ဘူးလို့ ဝေဖန်လိုက်တာဖြစ်ပါတယ်။  

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်မှာ ပြိုင်ဖက်အသင်းဖြစ်တဲ့ ချလ်စီးအသင်းကို ၄ဂိုးပြတ်နဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုလို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့သလို အသင်းသားတွေကော ပရိသတ်တွေပါ စိတ်ဓာတ်တတ်ကြွနေပြီး နောက်လာမယ့်ပွဲတွေမှာလဲ နိုင်ပွဲရရှိဖို့ မျှော်လင့်နေပါတယ်။

source: the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။