ရုရှားနိုင်ငံ အနောက်ပိုင်း Lebedyan မြို့တွင် Gribanov ဆိုသူ အမျိုးသားတစ်ဦးဟာ သူငယ်ချင်းတွေကြားမှာ မိန်းမနိုင်ကြောင်း သက်သေပြချင် တာကြောင့် ဇနီးသည်ကို ထိုးကျိတ်ရိုက်နှက်ကာ ဗီဒီယိုမှတ်တမ်း ပါတင် ခဲ့တယ် လို့သိရပါတယ်။အဆိုပါ ဇနီးဖြစ်သူဟာ ခင်ပွန်းသည်ရဲ့ ပြင်ထန်စွာနှိပ်စက်မှုကြောင့် သတိပြန် မလည်တော့ပဲ ‘ကိုမာ’ ရောဂါဝင်ခဲ့ပြီး ခြောက်ရက်မြောက်နေ့မှာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ တာပဲဖြစ်ပါတယ်။ နှိပ်စက်ခံထားရတဲ့ အမျိုးသမီးကို ဆေးရုံပို့တဲ့အချိန်မှာတော့ ပြင်းထန်တဲ့ အမာရွတ်တွေ၊ အတွင်းပိုင်း သွေးယိုတာတွေနဲ့ အရိုးတော်တော်များများကျိုးနေတာကို တွေ့ရတယ်လို့ သူမကို ကုသခဲ့တဲ့ဆရာဝန်က ဆိုပါတယ်။

သူမဟာ ဆေးရုံရောက်နေစဉ်မှာပဲ ကိုမာဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ ပြန်မနိုးလာတော့ဘဲ ခြောက်ရက် အကြာမှာသေသွားခဲ့တာ ဖြစ်တယ်လို့ ၎င်းဆရာဝန်က ပြောပါတယ်။Gribanov ဟာသူမကို နာရီပေါင်းများစွာ ကန်ကျောက်ပြီး ထိုးကြိတ်ခဲ့ပြီး သူမရဲ့ အကိုနဲ့ အဖေကိုလည်း သူ့ကိုမတားဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူ အမျိုးသမီးနဲ့ ရင်းနှီးတဲ့သူငယ်ချင်း တစ်ဦးကတော့ Gribanov ကို သူမသူငယ်ချင်း ခံစားရသလိုမျိုး တထပ်တည်း ခံစားစေ ချင်တယ်လို့ သတင်းဌာနကို ပြောခဲ့ပါတယ်။

Gribanov ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ်က မိန်းမကို အကြမ်းဖက်မှုနဲ့ဖမ်းဆီးခဲ့တာ ဖြစ်သော်လည်း သူမ သေပြီးတဲ့နောက်မှာတော့ စွပ်စွဲချက်တွေ ပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ သူ့ရဲ့အမှားကို ဝန်ခံခဲ့ပြီး သူ့မှာလည်း အကြောင်းပြချက်ရှိလို့ပါလို့ ရဲတပ်ဖွဲ့သတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူက သူ့ကိုကွာရှင်းမယ်လို့ ပြောတဲ့အတွက် အခုလိုလုပ်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့ပြီး နောက်မှာတော့ တရားရုံးမှ Gribanov ကို ထောင်ဒဏ် ၁၆ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ တယ်လို့သိရပါတယ်။

Source - Metro 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။