အခုလိုဖွင့်ဖြိုးတိုးတက်လာတဲ့ခေတ်ကြီးထဲမှာတော့ မိမိမှာရှိတဲ့ Talent တွေကို လူမှုကွန်ယက်ပေါ်ကနေ ထုတ်ဖော်ပြသလာသူတွေ များစွာရှိနေတာကိုတွေ့ရပါတယ်။

ထို့အတူပဲ Turkey နိုင်ငံမှာနေထိုင်တဲ့ Alya Chaglar ကတော့ သူမတတ်ကျွမ်းတဲ့ Talent တစ်ခုကို Instagram မှာထုတ်ပြရင်းနဲ့ လက်ရှိအချိန်မှာတော့ နာမည်ကျော်ကြားလှတဲ့ လူတစ်ဦးအဖြစ်ရပ်တည်နေတာကိုတွေ့ရပါတယ်။

Alya Chaglar ကတော့ ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူမဟာ Stefani လို့သမီးလေးကိုရိုက်ကူးပေးထားတဲ့ ဓာတ်ပုံလေးတွေကို Instagram မှာတင်ရင်း အခုလိုနာမည်ကြီးလာတာပဲဖြစ်ပါတယ်။

Alya ကတော့ လေးနှစ်အရွယ်သာရှိသေးတဲ့ သူမရဲ့သမီးကို နှင်းဆီပန်းလေးတွေ ၊ ငှက်ပျော်သီးလေးတွေ ၊ သစ်သီးအခွံလေးတွေနဲ့ dress ပုံစံလေးဖြစ်အောင် ဖန်တီးရိုက်ကူးပေးထားတဲ့ ပုံရိပ်လေးတွေဟာ လူအများကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့တာပဲဖြစ်ပါတယ်။

လူတွေစားသုံးတဲ့ ဟင်းသီးဟင်းရွက်ကလေးတွေနဲ့ပါ သမီလေးကို လှပတဲ့ ဝတ်စုံလေးတစ်စုံဖြစ်အောင် ရိုက်ကူးပေးတတ်တဲ့ Alya ရဲ့စွမ်းရည်ကတော့ အားကျစရာပါပဲ။ ဒါ့အပြင် သူမရဲ့ သမီးလေးကလည်း အရမ်းချစ်စရာကောင်းလှတာကြောင့် လူအများရဲ့ ချစ်ခင်နှစ်သက်မှုတွေကို ရရှိနေတာတွေ့ရပါတယ်။

ပရိသတ်တွေရော ယခုမြင်တွေ့နေရတဲ့ပုံရိပ်လေးတွေနဲ့ ဓာတ်ပုံထဲက သမီးလေးကိုရော ချစ်ကြရဲ့လား။

source -Brightside 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။