မော်ဒယ်၊ အဆိုတော်တစ်ဦးဖြစ်တဲ့ ဟိန်းမင်းသူကိုတော့ ပရိသတ်တွေက ဂျက်စတီဘီဘာလို့တောင် ချစ်စနိုးနဲ့တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ နိုင်ငံခြားမင်းသားတစ်ဦးလို အသားအရေဖြူဖွေးပြီး ရုပ်ရည်ကလည်း သန့်ပြန့်ချောမောလွန်းတဲ့ ဟိန်းမင်းသူက ပျိုပျိုမေတွေ ဝိုင်းဝိုင်းလည်နေအောင် ဝန်းရံအားပေးမှုရရှိထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဟိန်းမင်းသူက သီချင်းအသစ်လေးတွေလည်း ဖန်တီးနေသလို မော်ဒယ်အဖြစ်လည်း အမိုက်စားပုံရိပ်တွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အခုလည်း ဟိန်းမင်းသူက မြန်မာနိုင်ငံအတွင်းမှာ ရေဘေးဒုက္ခကို ခံစားနေရတဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီဖို့ ရန်ပုံငွေပွဲလေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရေဘေးပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေပွဲလေးမှာတော့ ဟိန်းမင်းသူနဲ့အတူ သင်ဇာဝင့်ကျော်၊ ဆိုဖီယာ၊ စစ်သွေး၊ Guitarist ထောင်လိန်း ၊ Ko Ye Htooတို့က ပါဝင်ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ လာမယ့် သြဂုတ်လ (၁၈) ရက်နေ့ ၊ လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟိန်းမင်းသူက" ကျွန်တော်ယခုလာမယ့် တနင်္ဂနွေ ၁၈ရက်နေ့မှာ ရေဘေးပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေ ပွဲလေးလုပ်ဖြစ်ပါမယ် ခင်ဗျာ နေရာ က လှည်းတန်း စင်တာ Outdoor မှာ ဖြစ်ပြီး အချိန်ကနေ့လည် ၂နာရီကနေ ညနေ ၅နာရီထိဖြစ်ပါတယ်ဗျ ကျွန်တော်အပြင် လာရောက်ကူညီပေးမယ့် ကျွန်တော့် အစ် မ သင်ဇာဝင့်ကျော် ဆိုဖီယာ ကျွန်တော့်အစ်ကိုကြီး စစ်သွေး ညီ Guitarist ထောင်လိန်း , Ko Ye Htoo တို့ကနေ ဖျော်ဖြေပြီးအလှူငွေကောက်ခံမှာဖြစ်ပါတယ်ဗျ ရရှိလာတဲ့ အလှူငွေများကို ကျိုက်မရောမြို့ ခနောင်ကျေးရွာအပြကျိုက်မရောမြို့နယ်၊ ပေါလောအထ္ထရံဖာသိမ်ဆိပ် အခြားအနီးအနားကရွာလေးများမှာကျွန်တော်ကိုယ်တိုင်လာမယ့် ကြာသပတေးနေ့မှာလက်လှမ်းမှီသလောက်သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်ဗျ အဲ့အတွက်အတူတူ အလှူခရီးအား ပါဝင်လိုသူများလဲ ကြိုဆိုပါတယ်ခင်ဗျာ " ဆိုပြီး အသေးစိတ်ပြောပြထားတာ တွေ့ရပါတယ်။

Source:Hein Min Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။