၂၀၁၈မှာတုန်းကဆိုရင် ကိစ္စအမျိုးမျိုးကို ပရိသတ်ကြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှာပါ။ ၂၀၁၈မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ၂၀၁၉ခုနှစ်မှာတော့ သင့်အနေနဲ့ ၂၀၁၈ကလိုမဖြစ်ဘူးလို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ၂၀၁၈ကို အုပ်ဆိုးခဲ့တဲ့ ကိစ္စတော်တော်များများရှိပါတယ်။ ခုချိန်မှာတော့ ၂၀၁၈ခုနှစ် Instagram မှာ အုပ်စိုးသွားတဲ့ နာမည်ကျော် အကျော်အမော်တွေရဲ့ ပုံတွေကို ဖော်ပြသွားမှာပါ။ 

5. XXXTentacion

သူကတော့ ပရိသတ်တွေ တော်တော်များများသိကြမဲ့ Rap အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူFan တွေက သူသေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်ကာ ပုံပါပုံလေးကို Like ပေါင်း 12.8 million လုပ်ခဲ့ပါတယ်။ သူရဲ့ Instagramမှာလဲ ပရိသတ်တွေသူ့ကိုဘယ်လောက်ချစ်ကြောင်းဆိုတာ ပရိသတ်တွေကပဲ ရေးခဲ့ကြပါတယ်။

4. Ariana Grande

Ariana Grande ကို ပရိသတ်ကြီးက Pop အဆိုတော်မလေးတစ်ယောက် အဖြစ်သိရှိကြမှာပါ။ သူမအတွက်တော့ ၂၀၁၈က တော်တော်လေးကို စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။ ဘာလို့ဆို သူမရဲ့ အရင်ကောင်လေးဖြစ်တဲ့ အဆိုတော် Mac Miller ကဆေးအသုံးလွန်ပြီး သေဆုံးခဲ့ကာ သူမရဲ့ စေ့စပ်ထားမှုလဲ ပျက်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ သူမရဲ့ Instagram မှာ Mac ရဲ့ပုံကိုတင်ခဲ့ကာ 12.8 million Like ရခဲ့ပါတယ်။

3. Kylie Jenner On Stormi's First Birthday

Kylie Jenner ဟာဆိုရင်သူမရဲ့ ပုံတွေကို သူ့ကလေးအမြဲတမ်းပါဝင်လျက်ရှိပါတယ်။ ဒီပုံဟာဆိုရင် သူမရဲ့ကလေးပထမဆုံးမွေးနေ့ပုံဖြစ်ပြီး Like ပေါင်း 13 million ရခဲ့ပါတယ်။

2. Hailey And Justin Beiber's Engagement

သူတို့နှစ်ယောက်ကတော့ ခုချိန်ထိ မင်္ဂလာမဆောင်ရေသေးပေမဲ့ လက်ထပ်စာချုပ်တော့ထိုးပြီးသားပါ။ ဒီပုံကတော့ သူတို့နှစ်ယောက် စေ့စပ်ထားတုန်းက ပုံပဲဖြစ်ကာ ပရိသတ်တွေ တော်တော်များများက အားကျခဲ့ကြပါတယ်။ Like ကတော့ 13.3 million ရခဲ့ပါတယ်။

1. Kylie Jenner With Stormi's First Baby Picture

ဒီပုံလေးဟာဆိုရင်တော့ Kylie Jenner ရဲပ ပထမဆုံးသောကလေး ပထမဆုံးသောရိုက်ထားတဲ့ ပုံပဲဖြစ်ပါတယ်။ သူမအတွက် ပရိသတ်တွေက ပျော်ရွှင်ကြပြီး Like ပေါင်း 18 million ရရှိခဲ့ပါတယ်။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။