ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ကိုင်နေပြီး လူအများလေးစားအားကျနေရသူလေးကတော့ မင်းသမီးချောလေး ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ သူမဟာ ခိုင်နှင်းဖေဖောင်ဒေးရှင်းလည်း တည်ထောင်ထားသူဖြစ်ပြီး ခိုကိုးရာမဲ့တဲ့ ကလေးငယ်လေးများကိုလည်း မိခင်ရင်းတစ်ယောက်သဖွယ် ခေါ်ယူစောင့်ရှောက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ပရဟိတအလုပ်တွေကိုလည်း လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြလေ့ရှိသူလည်း ဖြစ်ပါတယ်။ 

ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေကိုလည်း လှုပ်ရှားလျက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့သမီးချောလေး ရွှန်းရတီခိုင်ဟာလည်း အမေတူရုပ်ချောသူလေးဖြစ်ပြီး အားလုံးရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာပါ။ သမီးလေးရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ခိုင်နှင်းဝေရဲ့လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။ 

အခုတစ်ခေါက်မှာလည်း သမီးလေးရွှန်းရတီခိုင်က မေမေနဲ့အတူ ဂေဟာကိုလည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂေဟာက မောင်လေးဍညီမလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတာကလည်း ကြည်နူးစရာကောင်းလှတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။